Eleven Media Group

ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေရေးအတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့် ရွှေကြမ်းဖြင့် ပြုလုပ်ထားသောပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း ယာယီခွင့်မပြုကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန်

ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေရေးအတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့် ရွှေကြမ်းဖြင့် ပြုလုပ်ထားသောပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း ယာယီခွင့်မပြုကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်အထိ လက်ဝတ်ရတနာပစ္စည်း အုပ်စုဖြင့် Online Sale မှတ်ပုံတင်လက်မှတ်စောင်ရေ ၈၁၁ စောင် ခွင့်ပြုထုတ်ပေးထားပြီး မှတ်ပုံတင်သက်တမ်းရှိနေသည့် စောင်ရေ ၂၄၁ စောင်နှင့် သက်တမ်းကုန်ဆုံးသည့် စောင်ရေ ၅ရဝ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ လက်တလော ထိန်းကြောင်းနေသည့် ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်မှုများအား ပံ့ပိုးစေရေးအတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့် ရွှေကြမ်းဖြင့် ပြုလုပ်ထားသော ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း ယာယီခွင့်မပြုကြောင်း သိရသည်။

ခွင့်ပြုပြီးလုပ်ငန်းမှတ်ပုံတင်အား သက်တမ်းတိုးခွင့် မပြုကြောင်းနှင့် ကျောက်မျက်ရတနာ သီးခြား ရောင်းချခြင်းလုပ်ငန်းအား ဝန်ခံကတိဖြင့် ခွင့်ပြုလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group