

နေပြည်တော်၊ နိုဝင်ဘာ ၃
သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ကျိုင်းတုံမြို့တွင် ငွေကျပ် ၁၁၂၇ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံရွာအနီး ဆီဆိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် TOYOTA HIACE အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါသောခရီးသည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု ကွက်သစ်ရပ်ကွက်နေ ကျော်ကျော်ဇင် (၃၂)နှစ် သယ်ဆောင်လာသည့် သစ်သီးခြင်းအတွင်းမှ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၀၀၀၀ အား ဖမ်းဆီးရမိသဖြင့် ကျော်ကျော်ဇင်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာ ၃၁ ရက် ည ၉ နာရီခွဲတွင် ကျိုင်းတုံမြို့ ရပ်ကွက် (၁)နေ စိုင်းဝင်းအောင်ဆွေ (၃၄) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ (တစ်ကီလိုလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၂၅ သိန်း) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၆၂၅ ကီလိုနှင့် (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ သိန်း) တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄၀၀၊ (တစ်ကီလိုလျှင်ငွေကျပ် ၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀၀) တန်ဖိုးရှိ Ethyl Vanillin ၁၀၀ ကီလို ဖမ်းဆီးရမိသဖြင့် စိုင်းဝင်းအောင်ဆွေအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
#News #Myanmar