နေပြည်တော် နိုဝင်ဘာ ၃
QIP-ToT for English Language Empowerment Programme ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ JPMC အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ Academy for Computer Training မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၏ အင်္ဂလိပ်ဘာသာ စကားလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် ကျွမ်းကျင်မှုပိုမို ရရှိစေရန် ပြန်လည်ထူထောင်ရေး ဦးစီးဌာနသည် အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် “Establishment of an Offline English Language Lab in Myanmar” စီမံချက်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်(Quick Impact Project – QIP) ခေါင်းစဉ်အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးတွင်ရှိသည့် ဝန်ထမ်းများအတွက် ပြန်လည်မျှဝေ သင်ကြားပေးနိုင်မည့် နည်းပြများအဖြစ် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း စိတ်ဝင်တစား လေ့လာသင်ယူစေလိုကြောင်း တိုက်တွန်းပြောကြားပြီး English Language Lab သို့ သွားရောက်ကြည့်ရှုရာ အိန္ဒိယနိုင်ငံ Academy for Computer Training (Guj.) Pvt. Ltd. မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ “QIP-ToT for English Language Empowerment Programme”ကို ပြန်လည် ထူထောင်ရေးဦးစီးဌာနရှိ English Language Lab တွင် နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်