နေပြည်တော် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြ ရေလှောင်တမံ၏ ဆင်ခြေလျှော နိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ပြီး ရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၂၉၅ ဒသမ ၃၀ ပေသာ ကျန်ရှိတော့သဖြင့် ၁၉ ဒသမ ၇၀ ပေခန့် ရေထုတ်လွှတ်လျှော့ချပြီး ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် အဆိုပါ တမံဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
၁၀၀