Myanmar Digital News

မိတ္ထီလာမြို့နယ်မှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ နိုဝင်ဘာ ၃

 

မိတ္ထီလာမြို့နယ်မှ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်းများသို့ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပါဝင်ယှဉ်ပြိုင်ထားသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄၅) အခြေခံပညာ မူလတန်းကျောင်း (မင်းတဲကုန်း) တွင် Clean&Green School သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းနှင့် ကိုက်ညီသည့် လမ်းညွှန်ချက်များနှင့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားမှု အခြေအနေများကို မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News