ရန်ကုန် နိုဝင်ဘာ ၃
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၆၀၃)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးအောင်ဇေယျလင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ သာသနာ့ဓဇ ဓမ္မာ စရိယ ဘဒ္ဒန္တကဉ္ဇနထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရား နာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက် အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူ ရှင် ၃၂ ဦးက ၁ ကျပ်သားရွှေပြား ၄၁ ချပ်၊ ရွှေပြားနှင့် ငွေသားအလှူရှင် ၁၂၀ အပါအဝင် လှူဒါန်း ငွေစုစုပေါင်း ငွေကျပ် ၄၃၀၆၀၆၉၅၄၉ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်