မောင်အောင်
“မင်္ဂလာပါ။ ကျွန်တော်ကတော့ ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘကြီးအောင်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ကော်မတီအတွင်းရေးမှူးနဲ့ ကော်မတီဝင်များ ပါပါတယ်။
“ဒီလယ်ဝေးမြို့နယ် သော်မှော်ကုန်း စံပြကျေးရွာကို လာရောက်ပြီး လေ့လာတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ကော်မတီရဲ့ အဓိကတာဝန်ဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေဖို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။
“သော်မှော်ကုန်း ကျေးရွာက ကျွန်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း ရောက်ခဲ့တဲ့အတွက် ကျွန်တော့်ရွာလို ဖြစ်နေတာပါ။ နေပြည်တော်မှာရှိတဲ့ မြို့နယ်တွေက စံပြကျေးရွာတွေဟာ စံပြကျေးရွာတစ်ခုမှာရှိရမယ့် အရည်အချင်းတွေနဲ့ ပြည့်စုံအောင် တည် ဆောက်ထားကြတာဖြစ်ပါတယ်။
“အခု ကျွန်တော်နဲ့အတူပါရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များက တစ်မြို့နယ်စီက လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ နေပြည်တော်မှာရှိတဲ့ စံပြကျေးရွာကို လေ့လာရင်းလိုအပ်တဲ့ အကြံဉာဏ်တွေပေးကြဖို့ ပြောကြားလိုပါတယ်”
ဘကြီးအောင်၏ စကားအဆုံးတွင် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။ လွှတ်တော် ကိုယ်စားလှယ်များတွင် ရှမ်းပြည်နယ် မိုးနဲကပါသလို ကချင်ပြည်နယ် မြစ်ကြီးနား ခေါင်လန်ဖူးက ပါသည်။ မန္တလေးတိုင်းဒေသကြီး ရွှေဘိုနှင့် ကျောက်ဆည်မှ လွှတ်တော်ကိုယ်စား လှယ်များအပြင် ပဲခူးတိုင်းဒေသကြီး သနပ်ပင်၊ ရွှေကျင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးနှင့် ကျိုက်လတ် လွှတ်တော်ကိုယ်စားလှယ်များပါသဖြင့် မြို့နယ်စုံလှသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တစ်ဦးချင်းမိတ်ဆက်ပြီးသည့်အခါ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှူးက သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်း လုပ်ငန်းစီမံကိန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ခရိုင်လေးခရိုင်၊ မြို့နယ်ရှစ်မြို့နယ်နှင့် ကျေးရွာ ၈၇၃ ရွာရှိသည်။ မြို့နယ်ရှစ်မြို့နယ်တွင် လယ်ဝေးမြို့နယ်၌ ကျေးရွာအများဆုံးရှိပြီး ၃၀၈ ရွာရှိသည်။ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၌ ကျေးရွာရွေးချယ်ရာတွင် အဓိက အခြေခံရမည့်မူ ရှစ်ချက်ရှိသည်။ ယင်းတို့မှာ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်း တံတား၊ ရေပေးဝေရေး၊ မီးလင်းရေး စသည့် အခြေခံအဆောက်အအုံများ အသင့်အတင့်ရှိပြီးသော ကျေးရွာဖြစ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား အသေးစားစီးပွားရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာဖြစ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြားအသေးစားထုတ်ကုန်များ၊ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ကျေးရွာဖြစ်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် စုပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသော ကျေးရွာဖြစ်ခြင်း၊ ဖုန်း၊ အင်တာနက်လိုင်း အသင့်အတင့် ကောင်းမွန်သည့်အပြင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူ့ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကျေးရွာဖြစ်ရန် လိုအပ်သည်။
ထို့အပြင် တရားဥပဒေစိုးမိုးပြီး လုံခြုံရေးကောင်းမွန်၍ နယ်မြေတည်ငြိမ် အေးချမ်းရန် လိုအပ်သကဲ့သို့ ရွာသူ၊ ရွာသားများကလည်း စည်းလုံးညီညွတ်မှုရှိပြီး စီမံကိန်းဆောင်ရွက်ရန် စိတ်အား ထက်သန်မှုရှိရမည့်အပြင် အနည်းဆုံးအိမ်ထောင်စု ၇၀ နှင့်အထက်ရှိသည့် ကျေးရွာဖြစ်ရန် လိုအပ်သည်။
“ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ပျဉ်းမနား မြို့နယ် ကျေးရွာနှစ်ရွာမှာ လုပ်ငန်း ၁၁၁ ခုကို ငွေကျပ် ၇၄၈ သန်း၊ လယ်ဝေး မြို့နယ်ကျေးရွာလေးရွာမှာ လုပ်ငန်း ၁၄၅ ခုအတွက် ငွေကျပ် ၁၇၁၄ သန်း၊ ဥတ္တရသီရိမြို့နယ် ကျေးရွာလေးရွာမှာ လုပ်ငန်း ၁၆၉ ခုအတွက် ငွေကျပ် ၁၈၇၁ သန်း၊ ဇေယျာသီရိမြို့နယ် ကျေးရွာလေးရွာမှာ လုပ်ငန်း ၉၃ ခုအတွက် ငွေကျပ်သန်း ၁၁၅၀ စုစုပေါင်း မြို့နယ် ခုနစ်မြို့နယ်၊ ကျေးရွာ ၁၄ ရွာမှာ လုပ်ငန်း ၅၁၈ ခုအတွက် ငွေကျပ် ၅၄၈၃ သန်း၊ နိုင်ငံတော်က ကျခံဆောင်ရွက်ပေးခဲ့ကြောင်း တင်ပြအပ်ပါတယ်”
မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးက သူ့တင်ပြချက်ကို အဆုံးသတ်လိုက်သည်။
“အခု ကျွန်တော်တို့သိချင်တာက တစ်နိုင်ငံလုံးမှာ ၂၀၂၅-၂၀၂၆ ထိ ခေတ်မီ စံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ဘယ်နှမြို့နယ် ဘယ်နှရွာမှာ ငွေဘယ်လောက် အကုန်ကျခံပြီး နိုင်ငံတော်က ဆောင်ရွက်ခဲ့သလဲဆိုတာ သိချင်ပါတယ်ခင်ဗျ”
ဘကြီးအောင်တို့အဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူသိချင်တာကို ကြားဖြတ်မေးလိုက်ခြင်း ဖြစ်ပါသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ မြို့နယ် ၁၂၀၊ ကျေးရွာ ၁၅၄ ရွာမှာ စီမံကိန်းရန်ပုံငွေကျပ် သန်း ၆၆၆ဝ အပါအဝင် ဆက်စပ်ဌာနများ အားလုံး၏ ရန်ပုံငွေစုစုပေါင်း ကျပ် ၇၉၅ဝ၁ ဒသမ ၇၃၇ သန်း အကောင် အထည်ဖော် ဆောင်ရွက်ပေးထားပါတယ်”
ဒီတစ်ခါတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြေကြားပေးခြင်းဖြစ်သည်။
“နောက်တစ်ခု ကျွန်တော်တို့ သိချင်တာက စီမံကိန်းကျေးရွာတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ရွေးချယ်တာလား။ အဖွဲ့ဖွဲ့ပြီး ရွေးတာရော ရှိပါသလား”
ထို လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းက ထိရောက်မှုရှိသည်။ အရေးပါသည်မို့ ပြောလာမည့်အဖြေကို အားလုံးစောင့်မျှော်နေကြသည်။
“စီမံကိန်းကျေးရွာ ရွေးချယ်တာကို ကျွန်မတို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တစ်ခုတည်းက ရွေးတာမဟုတ်ပါဘူး။ အဖွဲ့ဖွဲ့ပြီး ရွေးပါတယ်။ အဖွဲ့ထဲမှာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက သတ် မှတ်ထားတဲ့စံနှုန်းတွေနဲ့အညီ ရွေးချယ်ပါတယ်။ ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်ဗဟိုကြီးကြပ်မှု ကော်မတီထံက အတည်ပြုချက်တောင်းခံပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)ကို တင်ပြရပါတယ်။ ရုံးချုပ်ကတစ်ဆင့် ပြည်ထောင်စုအဆင့် ဗဟိုကြီးကြပ်မှုကော်မတီကို တင်ပြ၊ အတည်ပြုဆောင်ရွက်ရတာ ဖြစ်ပါတယ်”
“ဒီခေတ်မီစံပြကျေးရွာ တည်ဆောက်ခြင်းလုပ်ငန်းကတော့ တကယ့်ကို ကောင်းမွန်တဲ့လုပ်ငန်းပဲ။ တကယ်တော့ ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်မှ မြို့နယ်တွေ၊ ခရိုင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မှာ။ အဲဒီတော့ ပြီးခဲ့တဲ့ ငါးနှစ်စီမံကိန်းမှာတော့ ခင်ဗျားတို့ ဦးစီးဌာန ဆောင်ရွက်ခဲ့တာတွေက အားရစရာပါ။ လာမယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မယ့်၊ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ ဘယ်လောက်ရှိသလဲဆိုတာ သိခွင့်ရရင် သိပါရစေဗျာ”
“အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကျွန်မတို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု၊ ကျေးရွာ ၁၉၈ ရွာမှာ လုပ်ငန်းပေါင်း ၂၄၀၆ ခု ဆောင်ရွက်ဖို့ လျာထားပြီး ဆောင်ရွက်နေပါတယ်။ ကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေကတော့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ကျေးရွာလျှပ်စစ်မီးရရှိရေး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ အသိပညာပေးစင်တာ၊ ဒီဂျစ်တယ်အဆောက်အအုံပါလုပ်ငန်း ၁၃၈ ခု၊ သွင်းအားစုနဲ့ ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ခြင်းဖြစ်တဲ့ ကျေးရွာမတည်ငွေ (မြစိမ်းရောင်) ထူထောင်ပေးတာ၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး သွင်းအားစုထောက်ပံ့တာနဲ့ ကုန်ထုတ် စက်ကိရိယာအပါအဝင် လုပ်ငန်း ၂၄၃ ခု၊ အသက်မွေးဝမ်းကျောင်းနဲ့ ကျေးရွာ စီးပွားမြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း၊ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှုအပါအဝင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ခြင်းလုပ်ငန်းတွေက ၁၆၂ ခု ပါဝင်ပါတယ်။
“ဒါ့အပြင် အသင်းအဖွဲ့တွေ အားကောင်းဖို့နဲ့ နည်းပညာဖြန့်ဖြူးတာက ၄၈၇ ခု၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ မိခင်နဲ့ကလေး၊ မူကြို၊ နေ့ကလေးထိန်း၊ မသန်စွမ်းနဲ့ ထိခိုက် လွယ်အုပ်စုတွေအတွက်က လုပ်ငန်း ၆၃၄ ခု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းတွေဖြစ်တဲ့ စွန့်ပစ်အမှိုက် စီမံခန့်ခွဲတာ၊ လေထုညစ်ညမ်းမှု လျှော့ချတာ၊ ထင်းအစားထိုး လောင်စာသုံးစွဲတာ၊ ရေဝေရေလဲဒေသတွေမှာ သစ်ပင်စိုက်ပျိုးတာအပါအဝင် လုပ်ငန်း ၄၄၂ ခုဖြစ်တာကြောင့် စုစုပေါင်းလုပ်ငန်း ၂၄၀၆ ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်”
“ဒီလုပ်ငန်းတွေက တကယ့်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရုံသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက အချက်တွေပဲ။ ကဲ - ကြွရောက်လာကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သော်မှော်ကုန်းကျေးရွာသူ ကျေးရွာသားများခင်ဗျား။ ခေတ်မီစံပြကျေးရွာတစ်ခု ရှိသင့်ရှိထိုက်တဲ့အချက်တွေ ခေတ်မီစံပြကျေးရွာစီမံကိန်း တည်ဆောက်မှုတွေအကြောင်း ကျွန်တော်တို့ အတော်လေးဆွေးနွေးပြီးကြပြီ။ ဒီတော့ သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာက ဘာတွေဘယ်လို လုပ်ထားတယ်၊ ဘယ်လောက် စံချိန်မီတယ်ဆိုတာကို လက်တွေ့သိရအောင် ကွင်းဆင်းကြည့်ကြပါစို့”
ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ကျေးလက်ခေတ်မီစံပြ ကျေးရွာများ” ကျွန်တော်တို့ တည်ဆောက်ကြရပါမည်။ ။