မုံရွာ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ် ၁၀၀၀ လောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။
ဆွမ်းလောင်းလှူပွဲတွင် ပင့်သံဃာဆရာတော်ကြီးများထံ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းသပိတ်တော်တို့အား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကြသည်။
ဆွမ်းလောင်းလှူပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆုတောင်းပြည့်စေတီတော်ကြီး ရင်ပြင်တော်နှင့် ပရိဝုဏ်အတွင်း လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)