Myanmar Digital News

ညောင်ဦးမြို့နယ်၌ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေး အသိပညာပေး

ညောင်ဦး နိုဝင်ဘာ ၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေအရင်းအမြစ် လျော့နည်းမှုနှင့် သောက်သုံးရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က ညောင်ဦးမြို့နယ် ပြွန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

 

ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကျရောက်လာနိုင်သည့်အခြေအနေများ၊ အကျိုးသက်ရောက်နိုင်မှုများ၊ ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဖြစ်ပေါ်လာပါက တုံ့ပြန်ရမည့်အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။

 

ထို့နောက် တက်ရောက်လာသူများက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ရေရှားမှု ဖြစ်ပေါ်လာနိုင်သည့်အတွက် သောက်သုံးရေကို ကြိုတင် စုဆောင်းထားရှိခြင်း၊ ရေသိုလှောင်ကန်များကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်းနှင့် ရေကို လိုအပ်သလောက်သာ သုံးစွဲခြင်းတို့ကို ဆောင်ရွက်ရန် ဖြည့်စွက်ဆွေးနွေး ပြောကြားကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)

မူရင်းသတင်း — Myanmar Digital News