နေပြည်တော် နိုဝင်ဘာ ၃
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ် တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန်၊ လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ကဏ္ဍ အသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖြောင့်မတ်တည်ကြည်သည့် လူ့အဖွဲ့အစည်းဖြစ်တည် လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှ စတင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဥတ္တံတား)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ဇင်းကျိုက်)တို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၆၆၄ ဦးကို ကော်မရှင် ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါအကြောင်း အရာများကို အခြေခံ၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့တို့နှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်