Myanmar Digital News

နတ်မောက်မြို့၌ ကျောက်ချောလမ်းခင်းနေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

နတ်မောက် နိုဝင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ် ကွက်သစ် လမ်းကျောက်ချောခင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကန်ကြီးရပ် ကွက်သစ်လမ်းအရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

လှဝင်း

မူရင်းသတင်း — Myanmar Digital News