Myanmar Digital News

ရေနံချောင်းမြို့နယ်၌ အပူဒဏ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် အယ်လ်နီညိုနှင့် အပူဒဏ်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရေနံချောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ရေနံချောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအေးထွန်းမင်းက အယ်လ်နီညို ရာသီဥတုကြောင့် မိုးရွာသွန်းမှုများ မူမမှန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး၊ ရေကိုကြိုတင်စုဆောင်း ထားရှိရန်နှင့် ရေကိုလေလွင့်မှု မရှိအောင် စနစ်တကျ သုံးစွဲကြရန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

နော်လူး

မူရင်းသတင်း — Myanmar Digital News