
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးတို့ နိုဝင်ဘာ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-မြန်မာသည် အေးအတူပူအမျှ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုများ ဖြစ်သလို အပြန်အလှန်ဖေးမကူညီသည့် အေးအတူပူအမျှ အသိုက်အဝန်းလည်းဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ အရေးကြီး တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ နှစ်ဖက်အနေဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်ရန် တစ်ပြေးညီ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်ရင်ကြားစေ့မှု ဖော်ဆောင်ရေး၊ မြန်မာနိုင်ငံအစိုးရက အခြေအနေ တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ခြင်းကို ထောက်ခံအားပေးသလို အစဉ်အမြဲ မြန်မာနိုင်ငံ၏ ယုံကြည်အားထားထိုက်သော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူကြိုးပမ်း၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို စီမံခန့်ခွဲပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စသည့် အရေးကြီးစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်အရင်းအမြစ် စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုအား တိုက်ဖျက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်၍ မြဝတီဒေသ၌ ရှုပ်ထွေးမှုအခြေအနေ ထပ်မံဖြစ်ပွားခြင်းကို တားဆီးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ စီမံကိန်း ဘေးကင်းလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်တွေ့ကျကျ အစီအမံများ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဦးအောင်ကျော်ဟိုးက မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ ရပ်ကို အရင်းခံ၍ မြန်မာ-တရုတ် အစဉ်အလာကောင်းသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်လျက်ရှိသလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း အစဉ်အမြဲ စောင့်ထိန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် မကြာသေးမီက တရုတ်နိုင်ငံသို့ ခရီးစဉ် အောင်မြင်စွာ လာရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးမြှင့်တင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် ပေးအပ်ခဲ့သည့်အကူအညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ လက်တွဲ၍ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ စီမံကိန်းများကို အရှိန်မြှင့်အကောင်အထည်ဖော်ကာ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို အဆက်မပြတ် မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများနှင့်အတူ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများလည်း မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတည်ထောင်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာအခမ်းအနားများတွင် မြန်မာနိုင်ငံအတွက် တရားမျှတမှုကို လက်ကိုင်ထားပေးခြင်းအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး အောင်မြင်စေရန် တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
王毅会见缅甸国家计划、投资与对外经济部部长昂觉霍
新华社北京11月3日电(记者董雪)11月3日,中共中央政治局委员、外交部长王毅在北京会见来华出席澜湄合作第十一次外长会的缅甸国家计划、投资与对外经济部部长昂觉霍。
王毅表示,中缅是同甘共苦的胞波兄弟,也是守望相助的命运共同体。今年6月,习近平主席同来华国事访问的敏昂莱总统举行重要会晤,双方一致同意加快推进中缅命运共同体建设。中方支持缅甸实现政治和解,支持缅甸新政府稳定局势、发展经济、改善民生、实现振兴,始终是缅可以依赖的战略伙伴,愿同缅方共同努力,推动中缅命运共同体建设走深走实。
王毅表示,双方要统筹发展和安全,稳步推进中缅经济走廊重点项目,加强能源资源等领域合作,加大打击网赌电诈力度,阻止妙瓦底乱象死灰复燃,希望缅方采取切实措施,维护中方在缅人员、机构、项目安全。
昂觉霍表示,缅方秉持和平共处五项原则弘扬缅中传统友谊,始终恪守一个中国原则。敏昂莱总统不久前成功访华,有力推进两国关系发展。缅方感谢中方对缅震后重建援助,愿同中方携手,加快实施缅中经济走廊项目,不断提升两国互利合作水平。缅方将加大力度同中国及地区国家一道打击电信诈骗。欢迎更多中国企业赴缅投资兴业。感谢中方在国际场合为缅主持公道,愿同中方一道积极推动此次澜湄合作外长会取得圆满成功。(完)
图说:11月3日,中共中央政治局委员、外交部长王毅在北京会见来华出席澜湄合作第十一次外长会的缅甸国家计划、投资与对外经济部部长昂觉霍。 新华社记者 田宇 摄