
ဝါရှင်တန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စရေးသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ပံ့ပိုးမှုအား ရပ်တန့်မည်ဟု အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ယင်းနေ့ Fox သတင်းချန်နယ် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ထိုကဲ့သို့ ပံ့ပိုးမှုတွင် “ပစ္စည်းနှင့် အရင်းအနှီးငွေ” များပါဝင်ကာ စစ်ရေးအကူအညီ၊ လက်ငင်းငွေ သို့မဟုတ် “ပစ္စည်းအချင်းချင်း ဖလှယ်မှု” တို့လည်း အပါအဝင်ဖြစ်ကြောင်း၊ ၎င်းနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် နှစ်ပေါင်းများစွာအတွင်း အဆိုပါပံ့ပိုးမှုအား ရပ်တန့်ရန် အစဉ်အမြဲ ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါအတွေးကို နေတန်ယာဟု ကိုယ်တိုင်က အဆိုပြုခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
အစ္စရေးအနေဖြင့် အဆိုပါ ပံ့ပိုးမှုများ မလိုအပ်ကြောင်း၊ “အစ္စရေးက အလွန်စည်ပင်ဝပြောတဲ့နိုင်ငံ ဖြစ်ပါတယ်” ဟုလည်း ထရမ့်က ဆိုခဲ့သည်။ အစ္စရေးသည် “အစဉ်အမြဲ အလွန်ချစ်ကြည်ရင်းနှီးတဲ့ မဟာမိတ်” ဖြစ်ကြောင်း၊ “အစ္စရေးက လိုအပ်မှုရှိရင် ကျွန်တော်တို့က အကူအညီတွေပံ့ပိုးပေးဦးမှာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိကျင့်သုံးနေသည့် အမေရိကန်-အစ္စရေး လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှု သဘောတူညီချက်အရ အမေရိကန်အနေဖြင့် နှစ်စဉ် အစ္စရေးထံသို့ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံခန့် တန်ဖိုးရှိသည့် ပံ့ပိုးမှုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယင်းသဘောတူညီချက်၏ သက်တမ်းမှာ ၂၀၂၈ ခုနှစ်အထိ ဖြစ်ကြောင်း၊ နေတန်ယာဟုက အမေရိကန်အပေါ် အစ္စရေး၏ စစ်ရေးကူညီမှုဆိုင်ရာ အားကိုးမှုများကို တစ်ဆင့်ချင်း လျှော့ချသွားရန် မျှော်လင့်ကြောင်း ထိုမတိုင်မီ ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)
---------------------
(Chinese Version)
特朗普称今年年底结束每年约40亿美元对以色列援助
新华社华盛顿11月3日电(记者黄强 徐剑梅)美国总统特朗普3日表示,美国每年向以色列提供的约40亿美元援助将于今年年底结束。
特朗普当天在接受福克斯新闻频道采访时说,这种支持涵盖“物资和资金”,包括军事援助、现金或“以物易物”。他与以色列总理内塔尼亚胡多年来一直在讨论结束这项援助。这一想法是由内塔尼亚胡本人提出的。
特朗普还说,以色列不需要这些援助,“以色列是一个非常繁荣的国家”。他还称以色列“一直是个非常好的盟友”,“如果以色列有需要,我们还是会提供帮助的”。
据报道,根据现行的美以安全援助协议,美国每年向以色列提供约38亿美元的援助,该协议有效期至2028年。内塔尼亚胡此前曾表示,希望逐步减少以色列对美国军事援助的依赖。(完)
图说:2025年9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者 胡友松 摄