Myanmar Digital News

စပိန်ရထားတိုက်မှုတွင် သေဆုံးထိခိုက် ဒဏ်ရာရရှိသူများအတွက် အစိုးရက ထောက်ပံ့ကြေးငွေ ပေးအပ်

မက်ဒရစ်   နိုဝင်ဘာ   ၃

စပိန်နိုင်ငံ၌ဖြစ်ပွားခဲ့သည့် မြန်နှုန်းမြင့် ရထားတိုက်မှုမှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအတွက် အရေးပေါ်ထောက်ပံ့ကြေးအဖြစ် ယူရို သန်း ၃၀ ကို စပိန်အစိုးရက နိုဝင်ဘာ ၃ ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အူဒါမြို့အနီးတွင် အောက်တိုဘာ၂၈ ရက်က  ဖြစ်ပွားခဲ့သည့်  အဆိုပါ မတော်တဆမှုတွင်  ခရီးသည်  ၆၉ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဝန်ကြီးများကောင်စီက အတည်ပြုလိုက်သည့် အဆိုပါအစီအစဉ်တွင် ယူရို ၁၅ သန်းတန်ဖိုးရှိ တိုက်ရိုက်ထောက်ပံ့ငွေနှင့် ယူရို  ၁၅  သန်းတန်ဖိုးရှိ  ကြိုတင်လျော်ကြေးငွေများ ပါဝင်သည်။

သေဆုံးသွားသူများ၏ မိသားစုဝင်များသည် တိုက်ရိုက်ထောက်ပံ့ငွေအဖြစ် ယူရို ၇၂၁၂၁ ကို ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာမူ ၎င်းတို့၏ ဒဏ်ရာပြင်းထန်မှုအပေါ်မူတည်၍ လျော်ကြေးငွေများ ရရှိမည်ဖြစ်သည်။

ကျေးဇူးတင်ရှိကြောင်းပြောကြား

ထိခိုက်ခံစားရသူများအား အကူအညီပေးခြင်းသည်  အရေးအကြီးဆုံးနှင့် အဓိကဦးစားပေးရမည့်   ကိစ္စရပ်ဖြစ်ကြောင်းနှင့်   အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင်   ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အစိုးရဝန်ထမ်းများအား ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ် ပီဒရိုဆန်းချက်က ပြောကြားသည်။

အဆိုပါမတော်တဆမှုတွင် သေဆုံးခဲ့သူ  ၆၉   ဦးစလုံးကို   အတည်ပြုဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် စပိန်နိုင်ငံသား ၅၄ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News