Myanmar Digital News

ဒေသတွင်းတင်းမာမှုများ လျှော့ချရန် အီဂျစ်နှင့် အိုမန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

ကိုင်ရို    နိုဝင်ဘာ   ၃

ဒေသတွင်း တင်းမာမှုများလျှော့ချရန်နှင့် စစ်ဆင်ရေးများ ပြန်လည်စတင်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဗားအဗ္ဗဒဲလက်တီနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆာယိဘာဘင်ဟာမတ်အယ်လ်ဘူဆူဒီတို့ကြား နိုဝင်ဘာ ၃ ရက်က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း အီဂျစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ဆွေးနွေးပွဲအတွင်း  ဒေသတွင်းနှင့်  ကမ္ဘာတစ်ဝန်းလုံးအတွက် နိုင်ငံရေး၊  စီးပွားရေးနှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြင်းထန်သည့်သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည့် စစ်ပွဲဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာကြိုးပမ်းမှုများကို ပြန်လည်သုံးသပ်ခြင်းအား တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

စစ်ရေးလှုပ်ရှားမှုများ   ပြန်လည်စတင်ခြင်းကို ရှောင်ရှားရန်နှင့် အကျပ်အတည်းများကို  နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းဆီသို့ ဦးတည်ပြောင်းလဲစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ၎င်းတို့က သဘောတူညီခဲ့ကြသည်။

အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာချိန်တွင် ယခုတောင်းဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိုမန်နိုင်ငံသည် ယခင်ကအီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား သွယ်ဝိုက်သောဆွေးနွေးမှုများတွင် ကြားဝင်စေ့စပ်ပေးခဲ့သည်။   

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News