တိုကျို နိုဝင်ဘာ ၃
ဂျပန်နိုင်ငံတစ်ဝန်းရှိ စာတိုက်များတွင် လာမည့်နှစ်သစ်အတွက် နှုတ်ခွန်းဆက်ကတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး ကတ်အများစုတွင် ၂၀၂၇ ခုနှစ်အတွက် တရုတ်ရာသီခွင်အမှတ်အသားဖြစ်သည့် သိုးပုံများပါဝင်ကြောင်း သိရသည်။
ဂျပန်စာတိုက်လုပ်ငန်းအနေဖြင့် ကနဦးတွင် ကတ်ပေါင်း ၅၅၅ သန်းခန့် ထုတ်ဝေထားကာ အဆိုပါအရေအတွက်သည် ယမန်နှစ်ကထက် ၂၅ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။ လူမှုကွန်ရက်မီဒီယာများ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ စာတိုက်မှတစ်ဆင့် နှုတ်ခွန်းဆက်ကတ်များပေးပို့သည့်အလေ့အထမှာ လူကြိုက်နည်းလာသော်လည်း အချို့သူများကမူ အဆိုပါနည်းလမ်းကို ဆက်လက်နှစ်သက်နေကြကြောင်း သိရသည်။
ခေတ်ကာလများ ပြောင်းလဲလာသော်လည်း စာရွက်ပေါ်တွင် ရေးသားသည့် နှုတ်ခွန်းဆက်ကတ်များကို ဆက်လက်ပေးပို့သွားလိုကြောင်း အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။ စာတိုက်များအနေဖြင့် ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ အဆိုပါနှုတ်ခွန်းဆက်ကတ်များကို လက်ခံပေးသွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ