Myanmar Digital News

ဂျာမနီနှင့် ဗြိတိန်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိပြု

ဘာလင်  နိုဝင်ဘာ  ၃

ဂျာမနီနှင့်  ဗြိတိန်ကာကွယ်ရေးဝန်ကြီးများသည် လုံခြုံရေးကဏ္ဍတွင် နှစ်နိုင်ငံအကြား ရင်းနှီးသောဆက်ဆံရေးကို   အလေးပေးပြော ကြားခဲ့ပြီး စစ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားရန်  နိုဝင်ဘာ  ၂  ရက်တွင်  ကတိပြုခဲ့ကြကြောင်း သိရသည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုရီးယပ်စ်သည် ဘာလင်မြို့၌ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရီးတင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည်  ယခင်ကထက်  ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

နှစ်နိုင်ငံသည်   ၂၀၂၄   ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ Trinity House သဘောတူညီချက်ကို  လက်မှတ်ရေးထိုးခဲ့ပြီး နယ်ပယ်အသီးသီးတွင်  ရေရှည်ကာကွယ်ရေး   ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်  ကတိပြုထားသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရီးတင်းက ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုရီးယပ်စ်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်အေးတိုက်ပွဲ  ပြီးဆုံးချိန်နောက်ပိုင်း မကြုံစဖူးခြိမ်းခြောက်မှုတစ်ရပ် ပေါ်ပေါက်လာကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News