ကွာလာလမ်ပူ နိုဝင်ဘာ ၃
ဂူဂဲလ်သည် မလေးရှားနိုင်ငံ နီဂရီဆမ်ဘီလန်ပြည်နယ်ရှိ ဒေသခံပြည်သူများနှင့် ပို့တ်ဒစ်ခ်ဆန်မြို့၌ တည်ဆောက်ရန် စီစဉ် ထားသည့် ဒေတာစင်တာလုပ်ငန်းများအတွက် မျှဝေအသုံးပြုနိုင်မည့် ရေအခြေခံအဆောက်အအုံများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ ထို့ပြင် သန့်ရှင်းသောစွမ်းအင်ကဏ္ဍအတွက် ဒေသခံကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးအစီအစဉ်များကိုလည်း အကောင် အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါ ရေသန့်စင်စက်ရုံသည် တစ်ရက်လျှင် သောက်သုံးရေ လီတာ ၆၅ သန်းအထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး Springhill စက်မှုဇုန်ရှိ ဂူဂဲလ်၏ စီစဉ်ထားသော ဒေတာစင်တာစီမံကိန်းအတွက် ရေပေးဝေနိုင်မည်ဖြစ်သကဲ့သို့ ဒေသခံ ပြည်သူများ အသုံးပြုနိုင်သည့် ရေပမာဏကိုလည်း တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
ဆင်ဟွာ