
ဘေရွတ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
လက်ဘနွန်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် တရုတ်နိုင်ငံမှ ၂၄ ကြိမ်မြောက် လက်ဘနွန်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၄၆၄ ဦးအား နိုဝင်ဘာ ၃ ရက်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေဖြင့် လက်ဘနွန်နိုင်ငံတောင်ပိုင်း Hanniyah ကျေးရွာတွင် တည်ရှိသည့် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့စခန်း၌ ဆုတံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် UNIFIL ၏ မစ်ရှင်အကြီးအကဲနှင့် တပ်မှူး Diodato Abagnara က မိန့်ခွန်းပြောကြားရာ၌ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ၏ လျင်မြန်သောတုံ့ပြန်ဆောင်ရွက်မှု၊ လက်တွေ့ဖြေရှင်းနည်းများနှင့် ပြတ်သားသောလုပ်ဆောင်ချက်များကို ချီးကျူးပြောကြားခဲ့ပြီး အချိန်မဆိုင်းဘဲ လုပ်ဆောင်ကာ အရေးအကြီးဆုံးအခြေအနေများတွင် ၎င်းတို့အနေဖြင့် မစ်ရှင်အတွက် အမှန်တကယ်ကြီးမားသော အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်သည့် “ပြဿနာဖြေရှင်းပေးနိုင်သူများ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုပ်ငန်းမျိုးစုံဆောင်ရွက်ရသည့် အင်ဂျင်နီယာတပ်ဖွဲ့၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာတပ်ဖွဲ့တို့ ပါဝင်သော ၂၄ ကြိမ်မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှစတင်၍ ကုလသမဂ္ဂတာဝန်များကို တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
ယနေ့အထိ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များသည် မိုင်းကွင်းဧရိယာ ၈၂၅ စတုရန်းမီတာကျော် ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး မြေမြှုပ်မိုင်း ၁၄၆ လုံးကျော်ကို ဘေးကင်းစွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။ ထို့ပြင် UNIFIL တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၃,၄၀၀ ထက်မနည်းကိုလည်း ဆေးဝါးကုသပေးခဲ့သည်။
၂၀၀၆ ခုနှစ်မှစ၍ လက်ဘနွန်နိုင်ငံသို့ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၈,၈၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။
အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံမှ ပြန်လည်ရုပ်သိမ်းမှုရှိ၊ မရှိ အတည်ပြုရန်ရည်ရွယ်ချက်ဖြင့် ၁၉၇၈ ခုနှစ်တွင် UNIFIL ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အကြား စစ်ပွဲဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ အရ UNIFIL ၏ လုပ်ပိုင်ခွင့်တာဝန်များကို တိုးချဲ့ခဲ့သည်။ ယင်းတွင် တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ခြင်းနှင့် အစ္စရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းချိန်တွင် လက်ဘနွန်လက်နက်ကိုင်တပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံတောင်ပိုင်းတစ်လျှောက် ဖြန့်ကြက်နေရာချထားရေး၌ ကူညီဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် UNIFIL ၏ လုပ်ပိုင်ခွင့်သက်တမ်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် သက်တမ်းတိုးမြှင့်ခဲ့ပြီး တစ်နှစ်အတွင်း တပ်ဖွဲ့အင်အားလျှော့ချခြင်းနှင့် လုံးဝပြန်လည်ရုပ်သိမ်းခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
464 Chinese peacekeepers in Lebanon awarded UN medals of peace
BEIRUT, Nov. 3 (Xinhua) -- A total of 464 peacekeepers of the 24th Chinese peacekeeping contingent to Lebanon were awarded UN medals of peace on Tuesday for their commitment to maintaining stability and peace in the south of the country.
A medal parade ceremony was held at the Chinese peacekeepers' camp in Hanniyah village in southern Lebanon to honor the Chinese peacekeeping contingent, part of the UN Interim Force in Lebanon (UNIFIL).
In his address at the event, Diodato Abagnara, UNIFIL head of mission and force commander, praised the Chinese peacekeepers for their prompt response, practical solutions and decisive action, describing them as "problem-solvers" who could be "a real game changer for the mission" when time mattered most.
The 24th Chinese peacekeeping contingent, which includes a multi-functional engineer detachment, a construction engineer detachment and a medical detachment, has been serving the UN Mission since December 2025.
To date, the Chinese peacekeepers have cleared more than 825 square meters of minefields, safely removed over 146 landmines, and provided medical treatments to above 3,400 UNIFIL personnel and local people.
More than 8,800 Chinese peacekeepers have been dispatched to Lebanon since 2006.
UNIFIL was first established in 1978 to confirm Israeli withdrawal from Lebanon. After the 2006 war between Hezbollah and Israel, UNIFIL's mandate was expanded by UN Security Council Resolution 1701 to monitor the cessation of hostilities and to accompany the deployment of Lebanese armed forces throughout southern Lebanon as Israel withdrew its troops.
In August 2025, the Security Council extended UNIFIL's mandate for the final time until Dec. 31, 2026, with a drawdown and withdrawal to follow within one year.
Photo caption: A Chinese peacekeeper in the UNIFIL was carefully clearing the dirt covering a land mine planted along the UN Blue Line between Israel and Lebanon, on Feb. 5, 2018. (Xinhua)