
တိုကျို၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ လွှတ်တော်အဆောက်အအုံရှေ့တွင် လူအများအပြား စုရုံးလာကြပြီး ကန့်ကွက်ဆန္ဒပြသံများ ဆက်တိုက် ပေါ်ထွက်လျက်ရှိသည်။
လွှတ်တော်အဆောက်အအုံရှေ့ လမ်းဆုံလမ်းခွတွင် ပြည်သူ ၁၄,၀၀၀ ခန့် စုရုံးလာခဲ့ကြပြီး အချို့သည် အနီးရှိ ပန်းခြံ မြက်ခင်းပေါ်တွင် ရပ်ကာ “စစ်ပွဲကို ဆန့်ကျင်သည်”၊ “ဖွဲ့စည်းပုံအခြေခံဥပဒေက ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်” စသည့် လက်ရေး ဆိုင်းဘုတ်များကို ကိုင်မြှောက်ကာ ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန် ကြွေးကြော်တိုက်တွန်းခဲ့ကြသည်။
ထိုနေ့သည် ဂျပန်နိုင်ငံ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ထုတ်ပြန်ခြင်း ၈၀ နှစ်ပြည့် ဖြစ်သည်။ “ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေ အပိုဒ် ၉ တွင် ဂျပန်သည် “နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန် နည်းလမ်းအဖြစ် နိုင်ငံတော်အာဏာဖြင့် လုပ်ဆောင်သည့် စစ်ပွဲ၊ စစ်ရေးအင်အားခြိမ်းခြောက်မှု သို့မဟုတ် စစ်ရေးအင်အားအသုံးပြုမှုကို ထာဝရစွန့်လွှတ်သည်”၊ “ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် အခြားစစ်ရေးအင်အားစုများကို မထိန်းသိမ်းဘဲ နိုင်ငံတော်၏ စစ်တိုက်ခွင့်ကို အသိအမှတ်မပြုပါ” ဟု ပြဋ္ဌာန်းထားသည့်အတွက် ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဟုလည်း ခေါ်ဆိုကြသည်။

ဂျပန်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ Tamura Tomoko က အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် လွန်ခဲ့သော နှစ် ၈၀ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရာစဉ် အပိုဒ် ၉ သည် ဆွေးနွေးမှု၏ အဓိကအချက်ဖြစ်ခဲ့ပြီး ယင်းသည် စစ်ပွဲကို ကြုံတွေ့ခဲ့ရသူများ၏ အတိတ်က အဖြစ်အပျက်အမှားမျိုး ထပ်မံမဖြစ်ပေါ်စေလိုသည့် ကမ္ဘာပေါ်တွင် စစ်ပွဲ ထပ်မံမဖြစ်ပွားစေလိုသည့် ဆန္ဒကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
Tamura က ဂျပန်သည် အာရှတွင် ကျူးကျော်စစ်ကို ဆင်နွှဲခဲ့ပြီး အပြစ်မဲ့သူ အများအပြား၏ အသက်ကို ဆုံးရှုံးစေခဲ့ကြောင်း၊ စစ်ပြီးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျူးကျော်မှုအပေါ် ပြန်လည်ဆင်ခြင်သုံးသပ်မှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် အခြားနိုင်ငံများအပေါ် ဂျပန် ကျူးကျော်ခဲ့သည့် သမိုင်းကို တည့်မတ်စွာရှုမြင်လိုစိတ်မရှိရုံသာမက ဟီရိုရှီးမား၊ နာဂါဆာကီတွင် အဏုမြူဗုံးကြဲခံခဲ့ရသည့် သမိုင်းကိုလည်း တည့်မတ်စွာရှုမြင်လိုစိတ်မရှိကြောင်း ၎င်းက ဝေဖန်ခဲ့သည်။ “စစ်ပွဲကနေ သင်ခန်းစာ မရယူနိုင်ခဲ့တဲ့ ဒီလို ဝန်ကြီးချုပ်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ဆိုနေတာ စိုးရိမ်စရာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
စစ်အင်အားတိုးချဲ့မှုနှင့် ယင်းကြောင့် ဖြစ်ပေါ်လာသည့် ပြည်သူ့ဘဝဝန်ထုပ်ဝန်ပိုးအကြောင်း ပြောကြားရာတွင် Tamura က စစ်အသုံးစရိတ်ကို အဆက်မပြတ်တိုးမြှင့်ရန်အတွက် အခွန်တိုးခြင်း၊ လူမှုဖူလုံရေးနှင့် ပညာရေးဘတ်ဂျက်ကို ဖြတ်တောက်ခြင်းသည် “နိုင်ငံပျက်စီးရေးလမ်း” ကို လျှောက်နေခြင်းဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။ ထိုစကားဆုံးသည်နှင့် စင်အောက်က ပရိသတ်များ၏ လက်ခုပ်သံများ ပေါ်ထွက်ခဲ့သည်။
အိုကီနာဝါခရိုင် အုပ်ချုပ်ရေးမှူးဟောင်း Denny Tamaki သည် စင်မြင့်ပေါ်တွင် မိန့်ခွန်းပြောကြားစဉ် အိုကီနာဝါ ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် အမေရိကန်စစ်တပ်အခြေစိုက်စခန်းများကို ဆက်လက်ထိန်းသိမ်းထားခဲ့ကြောင်း၊ အမေရိကန်စစ်သားများကြောင့် ဖြစ်ပွားသည့် အမှုကိစ္စများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ အခြေစိုက်စခန်းများ ပြန်လည်လွှဲပြောင်းရေး တိုးတက်မှု နှေးကွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
Tamaki သည် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်လိုသည့် လှုပ်ရှားမှုအပေါ် စိုးရိမ်မှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းသည် အိုကီနာဝါတွင် အမေရိကန်တပ်ဖွဲ့က နျူကလီးယားလက်နက်များကို ယခင်က ဖြန့်ကြက်ထားခဲ့သည့် သမိုင်းကို ဖော်ပြခဲ့ပြီး အကယ်၍ ဂျပန်အစိုးရက ဤအခြေခံမူကို ပြင်ဆင်ပါက “စစ်ပွဲရဲ့ ကြောက်မက်ဖွယ်တွေကို ဂျပန်နိုင်ငံသို့၊ အိုကီနာဝါသို့ တစ်ဖန်ပြန်လည်ယူဆောင်လာနဲ့ အတူတူပဲ” ဟု သတိပေးခဲ့သည်။
Tamaki က လက်ရှိ အိုကီနာဝါခရိုင် အုပ်ချုပ်ရေးမှူးအား ပြည်သူများ၏ စစ်ဆန့်ကျင်ရေးတောင်းဆိုသံကို နားထောင်ရန်နှင့် စစ်ကို ဆန့်ကျင်သည့် ရပ်တည်ချက်ကို လူသိရှင်ကြား ပြတ်ပြတ်သားသား ထုတ်ဖော်ရန် တွန်းအားပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

လူထုစုဝေးပွဲသို့ တက်ရောက်လာသူ Tokai က ၎င်းအနေဖြင့် ဂျပန်ပြည်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအင်အားစုများ တစ်နေ့တခြား တက်ကြွလာခြင်းအပေါ် စိုးရိမ်မိကြောင်း သတင်းထောက်ထံ ပြောကြားခဲ့သည်။ လူထုစုဝေးပွဲများအနေဖြင့် အိုကီနာဝါကို ပိုမိုအာရုံစိုက်လာစေရန် မျှော်လင့်ပြီး ဂျပန်ရှိ အမေရိကန်စစ်တပ်၏ ရာဇဝတ်မှုများ၊ အော်ဂဲနစ် ဖလိုရင်းဒြပ်ပေါင်း ညစ်ညမ်းမှု စသည့် ကိစ္စရပ်များ ပြင်းထန်လျက်ရှိကြောင်း ထောက်ပြခဲ့ကာ ဂျပန်-အမေရိကန် အနေအထားသဘောတူစာချုပ်ကို ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။
ဂျပန်ပြည်တွင်း မူဝါဒများအကြောင်း ပြောကြားရာတွင် Tokai က “အစိုးရက ငွေကို လက်နက်တွေအတွက်ပဲ သုံးစွဲနေပြီး ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ကျန်းမာရေးကဏ္ဍကို ဒုတိယနေရာမှာ ထားပုံရတယ်” ဟု ဝေဖန်ခဲ့သည်။
ကျောင်းဆရာ Yamaguchi က ၎င်းသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရန် လာရောက်ခြင်းဖြစ်သည်ဟု သတင်းထောက်ကို ပြောကြားခဲ့သည်။ “ကိုယ့်ကလေးပဲဖြစ်စေ၊ ကျွန်တော်သင်ကြားပေးနေတဲ့ ကလေးတွေပဲဖြစ်စေ သူတို့ အရွယ်ရောက်လာတဲ့အခါ ငြိမ်းချမ်းပြီး တောက်ပတဲ့ အနာဂတ်နဲ့ တွေ့ကြုံရစေချင်တယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်အစိုးရသည် သံတမန်အခန်းကဏ္ဍကို အသုံးချကာ “စစ်မတိုက်ရေး” ကို အခိုင်အမာထောက်ခံမှသာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်နောက်သို့ လိုက်ကာ “အင်အားဖြင့် ငြိမ်းချမ်းရေးရယူခြင်း” ဆိုသည်ကို ရှာဖွေပြီး စစ်ရေးအင်အားကြီးနိုင်ငံ ဖြစ်လာလိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေစိတ်ဓာတ်နှင့် သွေဖည်သွားမည်ဖြစ်ကြောင်း ဂျပန် “Mainichi Shimbun (နေ့စဉ်သတင်းစာ)” ၏ ထိုနေ့က အယ်ဒီတာ့အာဘော်တစ်ခုတွင် ဖော်ပြခဲ့သည်။ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ ထုတ်ပြန်ခြင်း ၈၀ နှစ်မြောက် အခါသမယတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရပ်တည်ချက်ကို လုံးဝမမေ့အပ်ပေ” ဟု အယ်ဒီတာ့အာဘော်က သတိပေးခဲ့သည်။ (Xinhua)


....................................
(Chinese Version)
特写|日本宪法公布80周年 国会前响起和平呼声
新华社东京11月3日电 特写|日本宪法公布80周年 国会前响起和平呼声 新华社记者梁晨 杨智翔
3日下午,日本东京国会议事堂前人头攒动,抗议声此起彼伏。
国会议事堂前的十字路口聚集了约1.4万名民众,一些人站在附近公园的草坪上,高举“反对战争”“宪法是和平之基”等手写标语牌,呼吁守护和平宪法。
当天是日本现行宪法公布80周年。《日本国宪法》于1946年11月3日公布。其第九条规定日本“永远放弃以国权发动的战争、武力威胁或武力行使作为解决国际争端的手段”,“不保持陆海空军及其他战争力量,不承认国家的交战权”,因而也被称为和平宪法。
日本共产党委员长田村智子在现场演讲中说,80年前审议宪法时,第九条就是讨论的重点,它体现了经历过战争的人们不愿重蹈覆辙、期盼世界不再发生战争的愿望。
田村说,日本曾在亚洲发动侵略战争,夺走大量无辜生命,战后宪法体现了对侵略的反省。她批评日本首相高市早苗既不愿正视日本侵略他国的历史,也不愿正视广岛、长崎遭受原子弹轰炸的历史。“这样一位未能汲取战争教训的首相声称要修改宪法,令人担忧。”她说。
谈到扩军及其带来的民生负担,田村强调,不断增加军费,为此增税、削减社会保障和教育预算,是在走一条“亡国之路”。话音刚落,台下响起掌声。
冲绳县前知事玉城丹尼在登台演讲时说,冲绳回归日本后,美军基地仍被保留下来,美军人员引发的案件接连发生,基地归还进展迟缓。
玉城还对修改“无核三原则”的动向表示担忧。他提及美军过去在冲绳部署核武器的历史,警告如果日本政府修改这一原则,“无异于再次把战争的恐惧带到日本、带到冲绳”。
玉城在接受记者采访时表示,他将继续努力推动现任冲绳县知事倾听民众的反战呼声,公开、明确地表达反对战争的立场。
参加集会的东海女士告诉记者,她对日本国内修宪势力日益活跃感到担忧。她还希望集会能更多地关注冲绳,指出驻日美军犯罪、有机氟化合物污染等问题严重,呼吁修改日美地位协定。
谈及日本国内政策,东海批评道:“政府把钱花在武器上,却似乎把国民的生计和健康放在了次要位置。”
教师山口对记者说,他是为守护和平、守护宪法而来。“无论是自己的孩子,还是我教的孩子,我都希望他们长大后面对的是和平、光明的未来。”
日本《每日新闻》当天发表社论指出,日本政府唯有发挥外交作用、坚持倡导“不战”,才能实现和平;若追随美国谋求所谓“以实力求和平”、向往成为军事大国,就背离了宪法精神。在日本宪法公布80周年之际,社论警告:“绝不能忘记宪法的立足点。”(完)
图说1:11月3日,人们在日本东京国会议事堂前举行集会。新华社记者 梁晨 摄
图说2:11月3日,日本共产党委员长田村智子在日本东京国会议事堂前的集会现场演讲。新华社记者 梁晨 摄