နိုဝင်ဘာ ၄
ထိုင်းနိုင်ငံတွင် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ ပြည်ပမှတင်သွင်းလာသော ဘက်ထရီစွမ်းအင်သက်သက်ဖြင့် မောင်းနှင်သော လျှပ်စစ်ကားများ(ဘီအီးဗွီ)၊ လျှပ်စစ်မော်တာဖြင့် မောင်းနှင်ပြီး ခရီးမိုင်အကွာအဝေး တိုးမြှင့်နိုင်ရန် အရန်အင်ဂျင် သို့မဟုတ် ဓာတ်အားပေးစနစ်ပါဝင်သော လျှပ်စစ်ကားများ(အာအီးအီးဗွီ) အပေါ် အခွန်နှုန်းကို ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု အစိုးရအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ အခွန်တိုးမြှင့်ရခြင်း၏ ရည်ရွယ်ချက်သည် ထိုင်းနိုင်ငံ၏ ပြည်တွင်းမော်တော်ကားလုပ်ငန်းကို ကာကွယ်ရန်နှင့် ပြည်တွင်း၌ ကားထုတ်လုပ်မှုလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဖြစ်ကြောင်း သိရသည်။
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က အဆိုပါ အခွန်နှုန်းထားပြောင်းလဲမှုကို နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Udon Thani ပြည်နယ်တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်ပမှတင်သွင်းလာသော ဘီအီးဗွီကားများကို လက်ရှိတွင် ၁၀ ရာခိုင်နှုန်းနှင့် အာအီးအီးဗွီကားများကို ၁၅ ရာခိုင်နှုန်း အခွန်ကောက်ခံလျက်ရှိကြောင်းနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ထိုကားအမျိုးအစားနှစ်မျိုးစလုံးအပေါ် အခွန်ကို ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဘီအီးဗွီကားများသည် ဘက်ထရီပါဝါဖြင့်သာ လည်ပတ်ပြီး လျှပ်စစ်မော်တာများဖြင့် မောင်းနှင်သော ကားအမျိုးအစားဖြစ်သည်။ အာအီးအီးဗွီကားများသည် လောင်စာဆီနှင့် လျှပ်စစ်ပါဝါကို ပေါင်းစပ်ထားပြီး အားသွင်းရန် ပလပ်ထိုးနိုင်ကာ လျှပ်စစ်မော်တာများဖြင့်သာ မောင်းနှင်ကြောင်း ဖော်ပြထားသည်။
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုအခွန်နှုန်းထား ပြောင်းလဲသတ်မှတ်မှုသည် အမျိုးသားလျှပ်စစ်ကားမူဝါဒကော်မတီ၏ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကော်မတီ၏ရည်ရွယ်ချက်များမှာ မော်တော်ကားထုတ်လုပ်ရာတွင်အသုံးပြုသည့် အဓိက အစိတ်အပိုင်းများကို နိုင်ငံအတွင်း၌ပင် ထုတ်လုပ်လာစေရန် အားပေးခြင်းနှင့် ပြည်ပမှတင်သွင်းလာသော ကားများကြောင့် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာသည့်အခြေအနေတွင် ပြည်တွင်းမော်တော်ကားလုပ်ငန်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါမူဝါဒ၏ရည်ရွယ်ချက်မှာ ထုတ်လုပ်မှုကွင်းဆက်ကို ပိုမိုခိုင်မာအားကောင်းလာစေရန်၊ ထိုင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ၎င်းတို့၏ လုပ်ငန်းကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်ဖြစ်ကြောင်း Ekniti က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ပြည်တွင်းမော်တော်ကားလုပ်ငန်းကို ရိုးရာကားထုတ်လုပ်မှုအခြေခံမှ ကျော်လွန် တိုးတက်စေပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မော်တော်ယာဉ်များ ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ရေးအတွက် ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်မီ အဓိကဗဟိုချက်တစ်ခု ဖြစ်လာစေရန်လည်း ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါအခွန်နှုန်းထားပြောင်းလဲမှုသည် နိုင်ငံအတွင်း ထုတ်လုပ်သည့် မော်တော်ကားများအတွက် ဈေးကွက်ပြိုင်ဆိုင်မှုကို ပိုမိုမျှတစေမည်ဖြစ်ပြီး ပြည်တွင်းလျှပ်စစ်ကား (EV) ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် အားပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုမူဝါဒကြောင့် ပြည်တွင်းကားထုတ်လုပ်သူများနှင့် မော်တော်ကားအစိတ်အပိုင်း ထုတ်လုပ်တင်သွင်းသူများသည် တိုက်ရိုက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ထုတ်လုပ်မှုပမာဏ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ မော်တော်ကားနှင့် ကားအစိတ်အပိုင်း ထုတ်လုပ်ရေးလုပ်ငန်းများ၏ နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို