နေပြည်တော်၊ နိုဝင်ဘာ ၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith နှင့် ဇနီးတို့က နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းတွင် CROWNE PLAZA HOTEL ခန်းမ ၌ ဂုဏ်ပြုညစာဖြင့် တည့်ခင်းဧည်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ)တို့ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ စစ်ဦးစီးဌာနအကြီးအကဲနှင့်ဇနီး၊ လာအိုပြည်သူ့ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ညစာစားပွဲကျင်းပရာနေရာသို့ ရောက်ရှိကြရာ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲနှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဂုဏ်ပြုညစာ စားပွဲကိုကျင်းပပြုလုပ်ရာ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် ညစာသုံးဆောင်နေစဉ်အတွင်း လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့က တေးသံသာများ၊ အကပဒေသာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကပြဖျော်ဖြေခဲ့ကြသည့် လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ကာ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်