စောအောင်လင်း
မီးသည် လူသားတို့အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပြီး သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဟု ဆိုကြပါသည် ။ အသုံးမတတ်သူများကြောင့် မီးသည် ရန်သူမျိုးတစ်ပါး ဖြစ်သွားတတ်ပါသည်။
ယခင်က မီးဘေးအန္တရာယ်သည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ဖြစ်ပွားမှု များပြားတတ်သော်လည်း ယခုအခါ လူဦးရေ ထူထပ်လာမှု၊ မီးသုံးစွဲမှုများပြားလာမှု၊ မီးကို နည်းအမျိုးမျိုးဖြင့် သုံးစွဲလာမှု၊ ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မီးဘေး အန္တရာယ်ကို အချိန်မရွေး၊ ရာသီမရွေး၊ နေရာမရွေး ခံစားရနိုင်ပါသည်။
လူတို့၏ အသိနည်းပါးမှု၊ ပေါ့ဆမှု၊ သတိလက်လွတ်မှုများကြောင့် မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါသည်။ မီးဘေးအန္တရာယ်ကြောင့် အနှစ်နှစ် အလလက ရှာဖွေစုဆောင်းထား သည့် အိုးအိမ်စည်းစိမ်များသည် ခဏတာအတွင်း ပြာပုံအဖြစ်ရောက်ရှိသွားရပြီး အခန့်မသင့်ပါက လူသားများနှင့် သက်ရှိသတ္တဝါတို့၏ အသက်များပင် ဆုံးရှုံးကြရသည်။
မီးလောင်ကျွမ်းခြင်းသည် အပူနှင့်အလင်း ထွက်ပေါ်လာသည့် ဓာတ်ပြုမှုတစ်ခုဖြစ်သည်။ ဓာတ်ပြုမှုနှုန်းနှေးပါက နှေးကွေးသည့် ဓာတ်တိုးခြင်းသာဖြစ်ပေါ်တတ်ပါသည်။ လောင်ကျွမ်းမှုသည် အလွန်လျင်မြန်သည့်နှုန်းနှင့် ဓာတ်ပြုပြီး အပူနှင့်အလင်းကို ထုတ်လွှတ်ပေးသည်။ အပူ၊ အောက်ဆီ ဂျင်နှင့် လောင်စာများ ပေါင်းဆုံမိသောအခါ မီးလောင်ကျွမ်းမှုကို ဖြစ်ပေါ်တတ်ခြင်းကြောင့် ဤသုံးမျိုးပေါင်းစည်းမိသည့် အချိန်ကြာလာသည်နှင့်အမျှ မီးလောင်ကျွမ်းမှုကို ဆက်လက်ဖြစ်ပေါ် စေပါသည်။ အပူ၊ အောက်ဆီဂျင်၊ လောင်စာတို့ထဲမှ တစ်မျိုးမျိုးကို ဖယ်ထုတ်ပစ်နိုင်မှသာ လောင်ကျွမ်းမှုကို ရပ်တံ့စေနိုင်ပါသည်။ ထို့ကြောင့် သဘာဝအတိုင်းရှိနေသည့် အပူ၊ အောက်ဆီဂျင်များကို လောင်စာများနှင့် မထိတွေ့စေရန် သတိပြုကြရပါမည်။
မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်မတိုင်မီက တစ်နှစ်လျှင် ပျမ်းမျှအကြိမ် ၆၀ ခန့်၊ ၂၀၀၅ ခုနှစ်တွင် အကြိမ်ရေ ၂၄၀ ခန့်၊ ၂၀၁၅ ခုနှစ်တွင် အကြိမ်ရေ ၅၄၇ ကြိမ် ဖြစ်ပွား ခဲ့သည်ဟု သိရပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် အတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၁၈၇ ဘီလီယံခန့်ရှိခဲ့သည်ကို အမှတ်ရမိပါသည်။ ဤအတိုင်းအတာများအရ မီးလောင်မှုသည် တစ်နှစ်လျှင် အကြိမ်ရေ ၁၈၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာလည်း တစ်နှစ်လျှင် ငွေကျပ် ၁၈ ဘီလီယံခန့် ရှိခဲ့ပါသည် ။ မီးလောင်မှုအကြိမ် ပိုမို များပြားလာသကဲ့သို့ ဆုံးရှုံးမှုတန်ဖိုးများလည်း ပိုမိုများပြားလာခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင်းမှာပင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မီးလောင်မှု ၁၉၆ ကြိမ်ဖြစ်ပွားခဲ့ရာ မီးဖိုမီး ၂၈ ကြိမ်၊ ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး လေးကြိမ်၊ လျှပ်စစ် မီး ၇၅ ကြိမ်၊ မသမာသူရှို့မီး ငါးကြိမ်၊ တောမီး ၁၆ ကြိမ်၊ သောင်းကျန်းသူရှို့မီး သုံးကြိမ်ရှိခဲ့ကြောင်း သိရပါသည်။
မီးလောင်ကျွမ်းခြင်းဖြစ်စဉ်များကို လေ့လာရာတွင် ပေါ့ဆမီး၊ အလိုအလျောက်မီး၊ တောမီး၊ ရှို့မီးနှင့် လျှပ်စစ်မီးများကြောင့် ဖြစ်ပေါ်သည်ဟု ဆိုနိုင်ပါသည်။ မည်သည့် မီးလောင်မှုအမျိုးအစား ပင်ဖြစ်စေ လူတို့၏ ပယောဂမကင်းသည်ကို သိမြင်နိုင်ပါသည်။
ပေါ့ဆမီး ဆိုသည်မှာ စည်းကမ်းမဲ့ မီးသုံးစွဲရာမှ လောင်ကျွမ်းခြင်းဖြစ်ပါသည်။ ထင်း၊ မီးသွေး မီးဖိုများ သုံးစွဲကြရာတွင် မီးကြွင်းမီးကျန်များမှ လောင်ကျွမ်းခြင်းမျိုးဖြစ်၍ မီးသုံးစွဲပြီးပါက မီးသေအောင် ငြှိမ်းသတ်ထားရပါမည်။ ထင်း၊ မီးသွေးမီးဖိုများကို လုံခြုံစွာကာရံ၍ အသုံးပြုရန်၊ လေတိုက်လာပါက ချက်ချင်းမီးငြှိမ်းသတ်ထားရပါမည်။ ဓာတ်ငွေ့မီးဖိုသုံးစွဲသူများအနေဖြင့် မီးဖိုနှင့် ဓာတ်ငွေ့ပိုက်များကို တတ်ကျွမ်းသူများဖြင့် မကြာခဏစစ်ဆေး၍ ချို့ယွင်းနေပါက လဲလှယ်အသုံးပြုကြရန် လိုအပ်ပါသည်။
အလားတူ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျ ထုပ်ပိုးထားရှိပြီး မလိုအပ်သည့်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်၊ ဖယောင်း တိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေများကို လုံခြုံစိတ်ချရသည့် အောက်ခံခွက်ထား၍ အသုံးပြုရန်၊ နေအိမ် ခြံဝင်းအတွင်း လောင်စာဆီ၊ စက်သုံးဆီ၊ အမွှေးဆီ စသည့် ဆီအမျိုးမျိုးကို သိုလှောင်ထားခြင်းမပြုရန်၊ ကလေးငယ်များကို မီးခြစ်နှင့် မီးလောင်လွယ်သော ပစ္စည်းများနှင့် ဆော့ကစားခြင်းမပြုစေရန်၊ အိပ်ရာ၊ အဝတ်ပုံများအနီးတွင် ဖရောင်းတိုင်၊ ခြင်ဆေးခွေ သုံးစွဲခြင်းမပြုရန်၊ ဆေးလိပ်သောက် ပြီးပါက ဆေးလိပ်မီးငြိမ်းသည်ဟု သေချာမှသာ စနစ်တကျစွန့်ပစ်ရန်၊ နေအိမ်မှအပြင်သို့ ထွက်ခွာ ရန်ရှိပါက အသုံးပြုထားသည့်မီးများကို ပြန်လည် စစ်ဆေး၍ ငြှိမ်းသတ်၊ ဖြုတ်သိမ်းပြီးမှ ထွက်ခွာရန် လိုအပ်ပါသည်။
ထို့ပြင် နေအိမ်များ၌ မီးငြှိမ်းသတ်ရေးကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား များ ထားရှိခြင်း၊ အထပ်မြင့်အဆောက်အအုံများတွင် အထပ်တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိ ခြင်း၊ မီးငြှိမ်းသတ်ရေးကိရိယာများကို အသုံးပြုတတ်ရန် လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ် ကြရပါမည်။ ထို့ပြင် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရပါမည်။
အလိုအလျောက်မီး ဆိုသည်မှာ အပူနှင့်အလင်းမှ ထွက်ပေါ်လာသော ဓာတ်ပြုမှုကြောင့် ဓာတ် မတည့်သည့် ပစ္စည်းများအချင်းချင်းပွတ်တိုက်မိရာမှ လောင်ကျွမ်းခြင်းမျိုးဖြစ်ပါသည်။ ထို့ကြောင့် နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ဆေးရုံများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ပြုမီးလောင်နိုင်သည့် ပစ္စည်းများကို စနစ်တကျ ထားရှိကြရပါမည်။ မီးလောင်နိုင်သည့် ဓာတု ပစ္စည်းများကို သုံးစွဲရခြင်း၊ သိုလှောင်ရခြင်းများရှိပါက မီးဘေးကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ထားကြရပါမည်။
တောမီး သည် ပူပြင်းသည့်ရာသီဥတုအချိန်တွင် တောတောင်များအတွင်း၌ မီးလောင်ကျွမ်းနိုင် သည့် ပစ္စည်းများပွတ်တိုက်ရာမှ လည်းကောင်း၊ တောခုတ် တောင်ယာခုတ်သူများက မီးရှို့ရာမှ လည်းကောင်း၊ မီးသွေးဖုတ်သူများ၏ မီးကြွင်းမီးကျန်များကြောင့်လည်းကောင်း လောင်ကျွမ်း ခြင်းများ ဖြစ်တတ်ပါသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်တွင် တောမီး လောင်ကျွမ်းမှုကြောင့် အောက်တိုဘာလ ၂၆ ရက် နေ့အထိ သစ်တောမြေ ၁၁၆၂၆ ဟက်တာခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးစနစ် (GDACS) ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။ တောမီးလောင်ကျွမ်းပါက လူနေအိမ်များကို တောမီးလွတ် ကင်းသည့်နေရာများသို့ ပြောင်းရွှေ့ပေးရခြင်း၊ လူနှင့်သက်ရှိသတ္တဝါများ အသက်အိုးအိမ်များ ထိခိုက်ဆုံးရှုံးကြရခြင်း၊ ရှားပါးတိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်နိုင်ခြင်း၊ မီးခိုးငွေ့များကြောင့် အိုဇုန်းလွှာများပျက်စီးပြီး ရာသီဥတုဖောက်ပြန်ခြင်းများ ဖြစ်ပေါ်စေပါသည်။
ရှို့မီး ဆိုသည်မှာ မသမာသူများ၊ အဖျက်သမားများက ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် အဖျက် သဘောဖြင့် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားရခြင်း ဖြစ်ပါသည် ။ မမျှော်လင့်ဘဲ ဖြစ်ပေါ်ခြင်းကြောင့် လူနေအိမ်ခြေများ၊ အစိုးရ ဌာနပိုင်အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိက အဆောက်အအုံများ၊ ဆေးရုံဆေးပေးခန်းများ ပျက်စီးဆုံးရှုံးရတတ်ပါသည်။
လျှပ်စစ်မီးသည် မရှိမဖြစ်အသုံးပြုနေရသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ အလင်းရောင်ရရှိရေးနှင့် ချက်ပြုတ်ရေးအတွက်သာမကတော့ဘဲ အိမ်သုံး ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ၊ နည်းပညာသုံးပစ္စည်း များအတွက် မဖြစ်မနေလိုအပ်လာသည့် လူ့အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်လာသည်။ လျှပ်စစ်မီး အသုံးပြုမှု များပြားလာခြင်းနှင့်အတူ လျှပ်စစ်မီးကို ပေါ့ဆစွာ စည်းကမ်းမဲ့ သုံးစွဲမှုများကြောင့် ယခင်က ထက် မီးလောင်ကျွမ်းမှုများ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိနိုင်ပါသည်။
နေအိမ်များ၌ သွယ်တန်းထားသည့် ဝိုင်ယာကြိုးများသည် အသုံးပြုမည့်ဝန်အားနှင့်မျှတသည့် အမျိုး အစားဖြစ်ရန် လိုအပ်ပါသည်။ လျှပ်စစ်ပတ်လမ်းကို အလိုအလျောက် ဖြတ်တောက်ပေးသည့် ပစ္စည်း ကိရိယာများကိုလည်း လျှပ်စစ်ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီဖြင့် တပ်ဆင်အသုံးပြုသင့် ပါသည်။ အသုံးပြုထားသည့် မီးကြိုး၊ မီးခလုတ်၊ မီးခေါင်း၊ ပလပ်ပေါက်၊ ပလပ်ခေါင်းများနှင့် အခြား လျှပ်စစ်ပစ္စည်းများ ဝန်အားမျှတမှု၊ ပေါက်ပြဲ ဆွေးမြည့်နေမှုနှင့် ချို့ယွင်းမှု ရှိ/ မရှိတို့ကို နှစ်စဉ် စစ်ဆေးပြီး ချို့ယွင်းနေပါက လဲလှယ်အသုံးပြုသင့်ပါသည်။
မီးပျက်သွားချိန်တွင် မီးပလပ်များ၊ မီးခလုတ်များကို မပိတ်ဘဲထားရာမှ မီးပြန်လာချိန်တွင် အပူ လွန်ကဲပြီး မီးလောင်မှုကို ဖြစ်ပေါ်စေပါသည်။ ညအိပ်ချိန်၊ နေအိမ်မှ အပြင်သို့ထွက်ချိန်များတွင် မီးခလုတ်များပိတ်ခြင်း၊ ပလပ်ခေါင်းများ ဖြုတ်ထားခြင်းများ ပြုလုပ်ထားကြရပါမည်။
ဌာနဆိုင်ရာရုံးများတွင် အသုံးပြုကြသည့် ကွန်ပျူတာ၊ လေအေးပေးစက်၊ မီးအားမြှင့်စက်၊ မီးအားထိန်းစက်၊ မီးခလုတ်နှင့် ပလပ်ခေါင်းများ ပိတ်ထားခြင်း ရှိ / မရှိကို ရုံးဆင်းချိန်၌ စစ်ဆေးရန် အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးရန် တာဝန်ပေးထား သင့်ပါသည်။ ရုံးများ၏ မှတ်တမ်းခန်းများ၊ အရေး ကြီး စာရွက်စာတမ်းများထားသည့် နေရာများကို ပို၍ဂရုပြုကြရပါမည်။ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စက်သုံးဆီဖြန့်ဝေပေးသည့် နေရာများနှင့် ဖြန့်ဝေမှုစနစ်များကိုလည်း စနစ်တကျ စီမံဆောင်ရွက်ထားကြရပါမည်။
ရပ်ရွာဒေသအတွင်း လူနေအိမ်များတွင် မီးဘေးအန္တရာယ်ပေါ်ပေါက်ပါက ပတ်ဝန်းကျင်မှ သိသွားမည်ကို စိုးရိမ်ပြီး ကြိတ်၍ငြှိမ်းသတ်ခြင်း မပြုလုပ်သင့်ပါ။ မီးလောင်မှုဖြစ်ပွားပါက ပတ်ဝန်း ကျင်သို့ ချက်ချင်းအကူအညီတောင်းခံ၍ မီးသတ်တပ်ဖွဲ့ထံအကြောင်းကြား ငြှိမ်းသတ်ကြရပါမည်။ ဖြစ်နိုင်ပါက ရပ်ကွက်အတွင်း မီးကင်းများချထား၍ စောင့်ရှောက်သတိပေးခြင်း၊ မီးလောင်မှုဖြစ်ပွား၍ မီးသတ်ကားများ မရောက်ရှိသေးမီ အခြားနေအိမ်များသို့ ကူးစက်မှုမရှိအောင် ငြှိမ်းသတ်ပေးခြင်း၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူ များကို ကယ်ထုတ်၍ အန္တရာယ်ကင်းသည့်နေရာသို့ ပို့ဆောင်ပေးခြင်း၊ မီးသတ်ကားများ ရောက်ရှိငြှိမ်းသတ်ပါက လိုအပ်သည့် အကူအညီများ ပေးခြင်းတို့ကိုပူးပေါင်းဆောင်ရွက်သင့်ပါသည်။ မီးငြှိမ်းသတ် နေစဉ်မီးသတ်တပ်ဖွဲ့ကို အနှောင့်အယှက်ဖြစ်စေ သည့် လမ်းများပေါ်တွင် ပိတ်ဆို့ကြည့်ရှုခြင်း၊ လက်ကိုင်ဖုန်းများဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူး ခြင်းများကိုလည်း ရှောင်ကြဉ်သင့်ကြပါသည်။
အစိုးရရုံးဌာနများ၊ ဆေးရုံများ၊ စက်ရုံအလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ဟိုတယ်များ၊ ကုန်တိုက်ကြီးများ၊ စားသောက်ဆိုင်ကြီးများ၊ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ပေါ်ပေါက်ပါက ဆုံးရှုံးမှုပိုမိုခံစားရနိုင်ပါသည်။ ထို့ကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ၊ မီးငြှိမ်းသတ်ရေးကိရိယာများ ပြည့်စုံစွာထားရှိရေးကို ဦးစားပေး ဆောင်ရွက်ထားကြရပါမည်။ မီးလောင်မှုဖြစ်ပွားပါက အချိန်မီငြှိမ်းသတ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပစ္စည်းများ ပြောင်းရွှေ့သယ်ယူရေး အဖွဲ့များကို ဖွဲ့စည်းထားပြီး မီးသတ်ဦးစီးဌာနထံမှ အကူအညီရယူ၍ သင်တန်းပေးခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်ရေး လက်တွေ့ သရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အမြဲမပြတ် စစ်ဆေးဆောင်ရွက်ခြင်းစသည့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရပါမည်။
လမ်းများအဝင်အထွက်မကောင်း၍ မီးသတ်ယာဉ်များ ဝင်ရောက်ငြှိမ်းသတ်ရန် အခက်အခဲများ ကြုံတွေ့ကြရပါသည်။ လမ်းမကြီးများ၊ လမ်းသွယ်များတွင် မီးသတ်ယာဉ်နှင့် မလွတ်ကင်းသည့် သစ်ပင်များ၊ လျှပ်စစ်မီးကြိုးများ၊ ကေဘယ်လ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့ အစည်းများနှင့်ညှိနှိုင်း၍ စနစ်တကျဖြစ်ရန် စီမံထားသင့်ပါသည်။ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည့် အဆောက်အအုံများ၊ စျေးဆိုင်များ၊ ဆောက်လုပ်ဆဲ အဆောက်အအုံများမှ အုတ်၊ ထုံး၊ သဲ၊ ကျောက် စသည့် ပစ္စည်းများ စနစ်တကျ ထားရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများက စီမံဆောင်ရွက် သင့်ပါသည် ။
လက်ရှိကာလသည် စူပါအယ်လ်နီညိုသဘာဝဖြစ်စဉ်များကို ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ နေ့ အပူချိန်မြင့်တက်မှုများကြောင့် ပူပြင်းခြောက်သွေ့ နေချိန်တွင် မီးဘေးအန္တရာယ် ပေါ်ပေါက်ခဲ့ပါက လောင်ကျွမ်းမှု အရှိန်ပိုမိုကောင်း၍ ထိခိုက်ဆုံးရှုံးမှုများလည်း ပိုမိုခံစားကြရနိုင်ပါသည်။
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးကြရခြင်း သည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုလည်း ဖြစ်ပါသည်။ မီးလောင်ပြီးနောက် မီးဘေးသင့်သူများအား ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရပါသည်။ မီးဘေး ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးကြရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ခံစား ကြရပါသည်။
မီးဘေးအန္တရာယ်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်ပေါ်မည်ကို ကြိုတင်ခန့်မှန်း ၍ မရနိုင်သည့် သဘာဝဘေးအန္တရာယ် ဖြစ်သော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြိုတင်ကာကွယ်၍ ရနိုင်ပါသည်။ ပြည်သူတစ်ဦးချင်းစီက မီးဘေးအန္တရာယ်မဖြစ်စေရေး သတိ၊ မီးဘေးကာကွယ်ရေးအသိများဖြင့် မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ် သွားကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
ကိုးကား
မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး တာဝန်ခံ သင်တန်းမှတ်စု
နေ့စဉ်ထုတ် သတင်းစာများ