Myanmar Digital News

MEVM မဲပေးစက်များအား ကြိုတင်စစ်ဆေးနေမှု ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၄

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)တွင် ယနေ့နံနက်ပိုင်းက MEVM မဲပေးစက်များအား Firmware သွင်းခြင်း၊ မဲပေးစက်သုံးဘက်ထရီများ ကြိုတင်စစ်ဆေးနေမှုများကို တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးက ကြည့်ရှုစစ်ဆေးသည်။

 

တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးသည် ကြားဖြတ် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အသုံးပြုမည့် MEVM မဲပေးစက်များရှိ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊ MEVM မဲပေးစက် Firmware သွင်းရာတွင် ပြည့်စုံမှု ရှိ/ မရှိနှင့် ထည့်သွင်းပြီးစီးမှုအခြေအနေများ၊ မဲပေးစက်သုံးဘက်ထရီများ ကောင်းမွန်မှု ရှိ/မရှိတို့ကို ကြိုတင်စစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News