
တီဟီရန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
အမေရိကန် လွှတ်တော်အတွင်း အင်အားဖွဲ့စည်းပုံ ပြောင်းလဲမှုကြောင့် အမေရိကန်သည် ၎င်း၏ ဗိုလ်ကျစိုးမိုးသည့် အပြုအမူများကို ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ချက် အနည်းငယ်မျှထားရှိသူများ ရှိနေသေးပါက၊ သို့မဟုတ် အမေရိကန်အား အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်ပေးခြင်းဖြင့် အီရန်အပေါ်ထားရှိသည့် ၎င်းတို့၏ ရန်လိုသောမူဝါဒများ ပြောင်းလဲသွားမည်ဟု ယူဆနေကြပါက ယင်းသည် အကြီးအကျယ်လွဲမှားနေခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ ထိပ်သီးခေါင်းဆောင် မူဂျ်တာဘာက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင် အီရန်နိုင်ငံ၏ “ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်ရေးနေ့” အခမ်းအနား၌ မူဂျ်တာဘာက မိန့်ခွန်းပြောကြားရာတွင် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ခြင်း၊ ဒေသတွင်းရှိ အမေရိကန်၏ စစ်ရေးအခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းစသည့် အီရန်၏ လုပ်ဆောင်ချက်များသည် အမေရိကန်၏ ကျူးကျော်ရန်စသည့် လုပ်ရပ်များအပေါ် တုံ့ပြန်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ကျူးကျော်ရန်စသည့် လုပ်ရပ်များ ထပ်မံဖြစ်ပွားလာပါက တုံ့ပြန်မှုအတိုင်းအတာကို သိသိသာသာ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိ ဟော်မုဇ်ရေလက်ကြား၏ အခြေအနေသည် “အမေရိကန်ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးဆိုတဲ့ ဒဏ္ဍာရီဟာ ပျက်သုဉ်းသွားပြီဖြစ်သလို ပြည်ပအင်အားစုတွေကို မှီခိုအားထားနေရတဲ့ အစိုးရတွေရဲ့ ကိုယ်ပိုင်အားနည်းချက်ကိုလည်း ဖော်ထုတ်ပြသလိုက်တာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မူဂျ်တာဘာက အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား အလျှော့ပေးခြင်းဖြင့် အီရန်အပေါ် ၎င်း၏မူဝါဒ ပြောင်းလဲလာစေရန် လဲလှယ်ရယူမည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ဘက်စုံအင်အားကို မြှင့်တင်ခြင်း၊ နိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့် လူမှုအသိုက်အဝန်းအတွင်း စုစည်းညီညွတ်မှုအင်အားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့မှတစ်ဆင့် ပြည်ပကျူးကျော်မှုကို ဟန့်တားနိုင်လောက်သည့် အဟန့်အတားပြုနိုင်စွမ်းကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အမေရိကန်မီဒီယာအများအပြား၏ ခန့်မှန်းချက်အရ အမေရိကန် ဒီမိုကရက်တစ်ပါတီသည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည့် သက်တမ်းဝက်ရွေးကောက်ပွဲ၌ ရီပက်ဘလီကန်ပါတီကို အသာစီးရရှိခဲ့ပြီး အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ ထိန်းချုပ်ခွင့်ကို ပြန်လည်ရယူကာ အမေရိကန်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
-------------------------
(Chinese Version)
伊朗:美国国会力量对比变化不会改变其敌视政策
新华社德黑兰11月4日电(记者刁慧琳 沙达提)伊朗最高领袖穆杰塔巴4日表示,如果仍有人对美国会因国会力量对比变化而改变其霸权行为抱有一丝希望,又或者认为通过对美国让步就能令其改变敌视伊朗的政策,那就是大错特错。
当天,穆杰塔巴在伊朗“反对全球傲慢日”之际发表致辞表示,伊朗对霍尔木兹海峡实施管控、打击美国在地区内的军事基地等行动,是对美国侵略行径的回应。如果侵略行为再次发生,回应的规模将大幅扩大。他还称,当前霍尔木兹海峡的局势,“不仅标志着美国不可战胜神话的破灭,也暴露出依赖外部力量的政府自身的软弱”。
穆杰塔巴强调,伊朗不会通过对美国让步换取其改变对伊政策,伊朗必须坚持推动国家全面发展,通过增强综合实力、维护国家团结和社会凝聚力,形成足以遏制外部侵略的威慑能力。
多家美国媒体预测,美国民主党在3日举行的中期选举中力压共和党,夺回参议院和众议院控制权,重新掌控美国国会。
图说 :3月9日,在伊朗首都德黑兰革命广场,民众参加集会表达对伊朗新任最高领袖穆杰塔巴·哈梅内伊的忠诚。新华社记者沙达提摄