Myanmar Digital News

MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဇယားထိပ်ဆုံးမှ Pacific Sun Far အသင်းနှင့် MIU အသင်း နိုင်ပွဲဆက်၊ YRG အသင်း သုံးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေး

ရန်ကုန်   နိုဝင်ဘာ   ၄

၂၀၂၆ MFF ယူ-၁၉ ဖူဆယ် လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)ကို နိုဝင်ဘာ ၄  ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ   MFF   ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ  ဇယားထိပ်ဆုံးမှ Pacific Sun Far  အသင်းနှင့် MIU အသင်းတို့ နိုင်ပွဲဆက်ပြီး YRG အသင်း  သုံးမှတ်အကွာဖြင့်   ဆက်လက်ဖိအားပေးနေသည်။

ပွဲစဉ်(၁၇)တွင် MIU အသင်းက ULAD  အသင်းကို  ငါးဂိုး-တစ်ဂိုး၊ YCDC Dream Team အသင်းက Royal Noka အသင်းကို   လေးဂိုး-တစ်ဂိုး၊   ရွှေပြည်သာယူနိုက်တက်အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို သုံးဂိုး-နှစ်ဂိုး၊ Pacific Sun Far အသင်းက JV အသင်းကို ကိုးဂိုး-နှစ်ဂိုး၊ YRG အသင်းက Burmese Warriors အသင်းကို ၁၈ ဂိုး-ဂိုးမရှိ၊ Gold Dream အသင်းက United City အသင်း ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ပွဲစဉ် (၁၇) အပြီးတွင်    Pacific Sun Far အသင်းနှင့် MIU အသင်းက ၄၆ မှတ်စီ၊ YRG အသင်းက ၄၃ မှတ်၊   YCDC Dream Team အသင်းက ၃၅ မှတ်၊ Gold Dream အသင်းက ၃၃ မှတ်၊ ULAD အသင်းက ၂၇ မှတ်၊ JV အသင်းက ရမှတ် ၂၀၊ United City အသင်းနှင့် Royal Noka အသင်းက ၁၈ မှတ်စီ၊ ရွှေပြည်သာယူနိုက်တက်အသင်းက ၁၁ မှတ်၊ မင်္ဂလာဒုံစီးတီးအသင်းက သုံးမှတ်၊ Burmese Warriors အသင်းက တစ်မှတ်ရရှိထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF

မူရင်းသတင်း — Myanmar Digital News