Myanmar Digital News

ပီအက်စ်ဂျီအသင်း ဂိုးပြတ်နိုင်ပွဲရပြီး ချန်ပီယံလိဂ်ဇယားထိပ်၌ ဆက်လက်ဦးဆောင်

ပီအက်စ်ဂျီအသင်းဟာ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက်သွင်းဂိုးတွေကို နီဗက်စ်က တစ်ဂိုး၊ ဒဇိုင်းယားဒူးကတစ်ဂိုး၊ မာယူလူကတစ်ဂိုး၊ ဖေဘီယံရုဇ်ကနှစ်ဂိုး၊ ဘိုလီကတစ်ဂိုး  သွင်းယူပေးခဲ့တာ  ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ  ချန်ပီယံလိဂ်လေးပွဲ ယှဉ်ပြိုင်ကစားပြီး ချိန်မှာ လေးပွဲစလုံးအနိုင်ရရှိထားကာ ရဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းကတော့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၂၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာ   ပီအက်စ်ဂျီအသင်းက ရိုးမားအသင်း၊ ဗီလာရီးယဲလ်အသင်းက ဆလာဗီယာပရက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။                                

ငွေကြယ်

မူရင်းသတင်း — Myanmar Digital News