
Made in Myanmar ထုတ်ကုန်များအပါအ၀င် အ၀တ်အထည်ဆိုင်ရာ စက်ယန္တရားများ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါြပပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို နို၀င်ဘာ ၄ ရက် က UAB tower(2) ရှိရုံးခန်း၌ ပြုလုပ်ခဲ့သည်။
မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၆ ကို ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်ထိ သုံးရက်တိုင်တိုင် Yangon Convention Centre (YCC) ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲကို တရုတ်နိုင်ငံ Zhejiang ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in Myanmar (CTGA) တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်ရန် နှင့် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ပြပွဲကိုကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၁၀ ခုခန့် နှင့် အထည်အလိပ်၊ အဝတ်အထည်၊ ဆက်စပ်ပစ္စည်းများနှင့် အ၀တ်အထည်ဆိုင်ရာ စက်ပစ္စည်းများ ပြသသူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသကြမည်ဖြစ်ပြီး မြန်မာ့အသေးစားအလတ်စားလုပ်ငန်းများ၏ Made in Myanmar ထုတ်ကုန်များကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခင်ပြပွဲများတွင် လာရောက်လေ့လာသူ ၁,၅၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
#Made in Myanmar ထုတ်ကုန်များ #အ၀တ်အထည်ဆိုင်ရာ စက်ယန္တရားများ #မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ #ပါဝင်ပြသမည်