
တတိယသုံးလပတ်တွင် အင်ဒိုနီးရှား၏ စီးပွားရေးတိုးတက်မှုသည် အရှိန်မြန်လာခဲ့ပြီး ခန့်မှန်းချက်များကို ကျော်တက်သွားခဲ့သည်ဟု နိုဝင်ဘာ ၅ ရက်တွင် အစိုးရထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။
ယင်းသို့ စီးပွားရေးတိုးတက်မှုမြန်ဆန်လာရခြင်းမှာ အိမ်ထောင်စုတို့၏သုံးစွဲမှု ခိုင်မာလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ခိုင်မာလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။
အရှေ့တောင်အာရှ၏အကြီးဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှား၏စီးပွားရေးတိုးတက်မှုသည် ယခင်သုံးလတွင် ၅ ဒသမ ၃ ရာခိုင် နှုန်းရှိခဲ့ရာမှ ဇူလိုင်-စက်တင်ဘာတွင် ၅ ဒသမ ၅ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။
ထိုကိန်းဂဏန်းသည် Bloomberg စီးပွားရေးပညာရှင်များ၏ လေ့လာချက်၌ ဖော်ပြထားသည့် ခန့်မှန်းတိုးတက်မှု ၅ ဒသမ ၂ ရာခိုင်နှုန်းထက် ပိုများသည်။
ယင်းသို့ စီးပွားရေးတိုးတက်လာရခြင်းမှာ အိမ်ထောင်စုတို့အသုံးစရိတ်များမြင့်တက်လာခြင်း၊ အစိုးရအသုံးစရိတ်များမြင့် တက်လာခြင်းတို့သာမက ရင်းနှီးမြှုပ်နှံမှုလည်း မြင့်တက်လာသောကြောင့်ဖြစ်သည်ဟု အင်ဒိုနီးရှားစာရင်းအင်း တာဝန်ရှိသူ မိုအက် ဒီမာမွတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စီးပွားရေးတိုးလာစေသည့် အဓိကအကြောင်းရင်းဖြစ်သည့် အိမ်ထောင်စုအသုံး စရိတ်များသည်နှစ်အလိုက် ငါးရာခိုင်နှုန်း တက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုသည် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
Ref: AFP