
Quick အမှတ်တံဆိပ်ပါ သခွားမွှေးသီးအရသာ၊ လိုင်ချီးသီးအရသာအချိုရည်ဗူးနှင့် ‘Ace' သီးစုံချဉ်ပေါင်းတို့ကို ဈေးကွက်မှရုပ်သိမ်းစေရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်း ဒေသကြီးသာကေတမြို့နယ်မှ Essential (Foodstuff) Co., Ltd ထုတ် Quick အမှတ်တံဆိပ်ပါ သခွားမွှေးသီးအရသာ၊ လိုင်ချီးသီးအရသာအချိုရည်ဗူးတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်း Sodium Cyclamate ໐໖ (1488.24 mg/kg) ပါဝင်၍ သတ်မှတ်ပမာဏ (350 mg/kg) ထက် ကျော်လွန်ကြောင်းနှင့် အစားအသောက်ထပ်ဖြည့်ပစ္စည်း Benzoic acid ပါဝင်မှုသည် (352.51 mg/kg ) ပါဝင်၍ သတ်မှတ်ပမာဏ (250 mg/kg) ထက်ကျော် လွန်ကြောင်းနှင့် Sodium Cyclamate ပါဝင်မှု သည် (1487.49 mg/kg) ပါဝင်၍ သတ်မှတ် ပမာဏ (350 mg/kg) ထက်ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အလားတူ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့မှ Ace အမှတ်တံဆိပ် သီးစုံချဉ်ပေါင်းတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်း Benzoic acid ပါဝင်မှုသည် (1458.20 mg/kg) ပါဝင်၍ သတ်မှတ် ပမာဏ (1000 mg/kg) ထက်ကျော်လွန်ကြောင်း နှင့် Sodium Cyclamate ပါဝင်မှုသည် (4607.54 mg/kg) ပါဝင်၍ သတ်မှတ်ပမာဏ (1000 mg/kg) ထက်ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဈေးကွက်မှ ရုပ်သိမ်းစေရန် ထုတ်ပြန်ခဲ့သည်။