
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပိတ်ဆို့နေသော ရေမြောင်းကို ဆင်းဆယ်သည့် အမျိုးသားတစ်ဦး ရေစီးဖြင့်မျောပါကာ တစ်ဖက်ရေမြောင်းအပေါက်၌ ပိတ်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာ ၄ ရက် ရက် နံနက် ၉ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၃ လမ်း၊ ၃၄ လမ်းထောင့်တွင် မိုးရွာသွန်းမှုကြောင့် ရေမြောင်းပိတ်ဆို့နေသဖြင့် အမျိုးသားတစ်ဦးသည် ရေမြောင်းဆင်းဆယ်ရာမှ ရေစီးဖြင့် တစ်ဖက်အပေါက်တွင် ပိတ်မိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်သို့ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီ ၁၁ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။