Eleven Media Group

တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြား ပွင့်နေစေရေးကို ကူညီရန် စစ်ရေးမစ်ရှင် ချထားမည်

ဟော်မုဇ်ရေလက်ကြား ပွင့်သွားစေရေး ကို အထောက်အကူပြုစေမည့် မစ်ရှင်အဖြစ် တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာန က ဟော်မုဇ်ရေလက်ကြားအနီးရှိ ရေပြင်တွင် ရေကြောင်းလှည့်ကင်းလေယာဉ်နှင့် မပေါက် ကွဲသေးသောအရာများကို ရှင်းလင်းသည့်အ ဖွဲ့တို့အား ချထားမည်ဟု သိရသည်။

အီရန်စစ်ပွဲတွင် စစ်ရေးအရ ကြားဝင် စွက်ဖက်ရန် စစ်သားများ ချထားမည်မဟုတ် ဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခုတ် မောင်းသော ကုန်သင်္ဘောများကို အကာအ ကွယ်ပေးရန်နှင့် စွမ်းအင်ပေးပို့မှုများကို ကာကွယ်ရန် ဆောင် ရွက်မည်ဟု ဆိုးလ်က ပြောကြားနေစဉ် အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အီရန်စစ်ပွဲက ဟော်မုဇ်ရေ လက်ကြားကိုဖြတ်သန်းသောရေကြောင်း သွားလာမှုကို အနှောင့်အယှက်ပေးခဲ့သည်။

ချောင်ဂျေး ပင်လယ်ဓားပြ နှိမ်နင်းရေး ယူနစ်ကို တိုးချဲ့ရန် အစိုးရက စီ စဉ်နေသည် ဟူသောသတင်းများကို ကာကွယ်ရေး ဝန်ကြီး ဌာနက အတည်ပြုခဲ့သည်။

ချောင်ဂျေးပင်လယ်ဓားပြာနှိမ်နင်း ရေးယူနစ်သည် ဆိုမာလီယာနိုင်ငံအလွန် အေဒင်ပင်လယ်ကွေ့တွင် ကုန်တင်သင်္ဘော များကို အကာအကွယ်ပေးနေသည်။

ယခု ထိုယူနစ်ကို ဟော်မုဇ်ရေလက် ကြားအနီးရှိ ရေပြင်တွင် ချထားမည်ဟု ကာ ကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိ သူက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့ သည်။

ဖျက်သင်္ဘောတစ်စင်း၊P-8 ရေကြောင်း လှည့်ကင်းလေယာဉ်၊ ပေါက်ခွဲရေးပစ္စည်းများ ရှင်းလင်းရေးအဖွဲ့(EOD) တို့ကို ချထားမည် ဟု ဆိုသည်။

ချောင်ဂျေးယူနစ်ကို ချထားရန် လွှတ် တော်၏အတည်ပြုချက် လိုအပ်လိမ့်မည်ဟု ဆိုသည်။

Ref;AFP

မူရင်းသတင်း — Eleven Media Group