
ဂျပန်နိုင်ငံ ၊ အိုကီနာဝါကျွန်းရှိ Camp Schwab စစ်စခန်းတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်မရိန်းတပ်သားတစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန် စစ်တပ်က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
သေဆုံးသူက မေရီလန်းပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် မရိန်းတပ်သား ဒေဗင် ဂျေဟာနန်ဒတ်ဇ် ဆိုသူဖြစ်ပြီး စစ်စခန်းတွင် ကြိုးဖြင့် အမြန်ဆင်းသက်သည့် လေ့ကျင့်မှုပြုလုပ်နေစဉ် ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း အမှတ် ၃ မရိန်းတပ်မ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတပ်မ၏တပ်မှူး ဗိုလ်ချုပ်ကြီး ကိုင်လ်အဲလစ်ဆန်က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုကာ သေဆုံးသူမရိန်းတပ်သား၏ မိသားစုအား ကူညီပံ့ပိုးရေးကို အဓိကထား ဆောင်ရွက်နေ ကြောင်း ပြောသည်။
ဂျပန်နိုင်ငံတွင် အမေရိကန်စစ်ဘက်ဝန်ထမ်း ၅၄,၀၀၀ ခန့် တပ်စွဲထားပြီး အများစုက အိုကီနာဝါတွင် တပ်စွဲထားသည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒအတွက် အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားမှုသည် အရေးပါသော် လည်း အိုကီနာဝါတွင် အမေရိကန်စစ်တပ် တပ်စွဲထားမှုက မဟမိတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ကာလရှည်ကြာ အငြင်းပွားစရာတစ်ခု ဖြစ်နေခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာတွင် အိုကီနာဝါကျွန်း၌ တပ်စွဲထားသည့် အမေရိကန်မရိန်းတပ်သားတစ်ဦး အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ဂျပန်ပြည် တွင်း၌လည်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
Ref: AFP