Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

ရွေးကောက်ပွဲပြီးနောက် အမေရိကန်စတော့ရှယ်ယာဈေးကွက် မြင့်တက်လာ၊ ရေနံဈေးနှုန်း သိသိသာသာ ကျဆင်း

ရင်းနှီးမြှုပ်နှံသူများက နိုဝင်ဘာ ၄ ရက် အမေရိကန်နိုင်ငံ၏ သက်တမ်းဝက်ရွေးကောက်ပွဲရလဒ်များအပေါ် သုံးသပ်အကဲဖြတ်ခဲ့ကြသည့်အတွက် အမေရိကန်စတော့ရှယ်ယာဈေးကွက်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

Dow Jones Industrial Average အညွှန်းကိန်းသည် ၁,၅၆၉.၄၀ ပွိုင့် (သို့မဟုတ်) ၃.၀၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၅၃,၃၅၆.၁၂ အထိ ရောက်ရှိခဲ့သည်။ S&P 500 အညွှန်းကိန်းမှာ ၁၁၉.၇၀ ပွိုင့် (သို့မဟုတ်) ၁.၅၈ ရာခိုင်နှုန်း မြင့်တက်ကာ ၇,၆၈၈.၆၂ ပွိုင့်သို့ ရောက်ရှိခဲ့သည်။ Nasdaq Composite Index မှာလည်း ၃၆၄.၅၀ ပွိုင့် (သို့မဟုတ်) ၁.၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၅,၇၃၆.၅၁ ပွိုင့်သို့ ရောက်ရှိလာခဲ့သည်။

သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ရှုံးနိမ့်မှုအတွက် အီရန်စစ်ပွဲကို ဗန့်စ် အပြစ်ဖို့

အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ရှုံးနိမ့်ရခြင်းမှာ အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့်ဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းကတော့ စစ်ပွဲကြောင့်ပါပဲ။ သမ္မတကိုယ်တိုင်လည်း မနေ့ညက အဲဒီလိုပဲ ပြောခဲ့တယ်” ဟု ၎င်းက X လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သည်။

အီရန်စစ်ပွဲသည် သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကျယ်ကျယ်ပြန့်ပြန့် ရှုံးနိမ့်ခဲ့ရခြင်း၏ တစ်စိတ်တစ်ပိုင်းအကြောင်းရင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က The Wall Street Journal (WSJ) အား နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့ပြီး နာရီပိုင်းအကြာ၌ ဗန့်စ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် ထရမ့်က ယခုနှစ်အစောပိုင်း အီရန်နိုင်ငံအပေါ် စစ်ပွဲစတင်ခဲ့ခြင်းအတွက် နောင်တရခြင်းမရှိကြောင်းလည်း ဆိုသည်။

“အီရန်ကလည်း အကြောင်းရင်းတစ်ခုပေါ့” ဟု ထရမ့်က WSJ သတင်းစာနှင့် တယ်လီဖုန်းဖြင့် အင်တာဗျူးပြုလုပ်စဉ် စစ်ပွဲက ရီပက်ဘလစ်ကန်ပါတီ၏ ရွေးကောက်ပွဲရလဒ်ဆိုးရွားမှုကို အထောက်အကူဖြစ်စေခဲ့သလောဟု မေးမြန်းမှုအပေါ် တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ပွဲအပြင် ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းက နိုင်ငံရေးအရ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးလည်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အီးယူ လက်ခံကျင်းပ

ယူကရိန်းနိုင်ငံ၏ စစ်ပွဲအလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် အထောက်အပံ့ပေးမည့် နည်းလမ်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို ဥရောပကော်မရှင်က နိုဝင်ဘာ ၄ ရက်တွင် လက်ခံကျင်းပခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုဆွေးနွေးပွဲကို ဥရောပသမဂ္ဂ (EU)၊ ယူကရိန်း၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ နေတိုး (NATO) နှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲများသည် မကြာသေးမီက မိုင်ယာမီမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးများ၏ နောက်ဆက်တွဲကျင်းပခြင်းဖြစ်ကာ ယခုနှစ်အစောပိုင်းက ယူကရိန်းနှင့် အမေရိကန်တို့ ပူးပေါင်းရေးဆွဲခဲ့သော သာယာဝပြောရေးမူဘောင်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စပိန်ရထားမတော်တဆမှုကြောင့် လူသေဆုံးပြီးနောက် ရထားလုပ်ငန်း အခြေခံအဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲ ရာထူးမှ နုတ်ထွက်

စပိန်နိုင်ငံ၏ ရထားလုပ်ငန်းအခြေခံအဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့ (Adif) ဥက္ကဋ္ဌ Luis Pedro Marco de la Pena သည် ဒုတိယဝန်ကြီးချုပ်-၁ Carlos Cuerpo နှင့် တွေ့ဆုံပြီးနောက် နိုဝင်ဘာ ၄ ရက်တွင် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

Marco de la Pena သည် နိုဝင်ဘာ ၂ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည့် ဝန်ကြီးဟောင်း Oscar Puente ၏ နေရာတွင် ယာယီတာဝန်ထမ်းဆောင်နေသော Cuerpo နှင့် တွေ့ဆုံပြီးနောက် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း စပိန်ရေဒီယိုအသံလွှင့်ဌာန COPE ၏ ဖော်ပြချက်အရ သိရသည်။

El Debate အပါအဝင် အခြားစပိန်မီဒီယာများကမူ Cuerpo သည် Adif ဥက္ကဋ္ဌကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ ၎င်း၏ ရာထူးမှ ထွက်ခွာရသည့် အခြေအနေများကိုမူ တရားဝင် ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အစ္စရေးဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံး

လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသတွင် မော်တော်ဆိုင်ကယ်တစ်စီးကို ပစ်မှတ်ထားသည့် အစ္စရေးဒရုန်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၄ ရက်က လူတစ်ဦး သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ဘနွန်နိုင်ငံရှိ ဒေသအများအပြားတွင် အစ္စရေးစစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း လက်ဘနွန်သတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါဒရုန်းတိုက်ခိုက်မှုမှာ လက်ဘနွန်အရှေ့တောင်ပိုင်း မာဂျေးယွန်းခရိုင်ရှိ ကာဘရီခါဒေသတွင် မော်တော်ဆိုင်ကယ်တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ (NNA) က သတင်းဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြားသူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၊ အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးစင်တာက အတည်ပြုခဲ့သည်။ (Xinhua)

………..

(English Version)

Daily World Briefing, Nov. 5

U.S. stocks surge following midterm elections, oil plunge

U.S. stocks rallied sharply on Wednesday as investors digested the outcome of the U.S. midterm elections.

The Dow Jones Industrial Average rose 1,569.40 points, or 3.03 percent, to 53,356.12. The S&P 500 added 119.70 points, or 1.58 percent, to 7,688.62. The Nasdaq Composite Index increased by 364.50 points, or 1.44 percent, to 25,736.51.

Vance blames Iran war for Republican losses in midterm elections

U.S. Vice President JD Vance said Wednesday that the war against Iran was the reason Republicans lost in the midterm elections.

"The reason we lost is the war. The president himself said so last night," he wrote in a post on X.

His remarks came hours after U.S. President Donald Trump told The Wall Street Journal (WSJ) on Tuesday night that the war in Iran was partially to blame for widespread Republican losses in the midterm elections. Trump, however, said that he did not regret launching the war earlier this year.

"Iran was a piece of it," he said in a phone interview with the WSJ when asked whether the war contributed to Republicans' poor performance in the election.

He added that rising oil prices, rather than the war itself, were the biggest political liability.

EU hosts talks on Ukraine's post-war reconstruction

The European Commission hosted talks Wednesday on Ukraine's post-war economic development and instruments to support its reconstruction, according to a Commission statement.

Representatives of the European Union (EU), Ukraine, Germany, France, Britain, the United States, NATO and the World Bank participated in the discussions.

The talks followed recent meetings in Miami and built on a prosperity framework developed earlier this year with Ukraine and the U.S., the statement said.

Chief of Spain's railway management resigns following deadly train crash

Luis Pedro Marco de la Pena, president of Spain's railway infrastructure manager Adif, submitted his resignation on Wednesday following a meeting with First Deputy Prime Minister Carlos Cuerpo, local media reported.

According to Spanish radio station COPE, Marco de la Pena presented his resignation after meeting with Cuerpo, who has temporarily assumed responsibility for the Transport Ministry following ex-Minister Oscar Puente's resignation on Tuesday.

Other Spanish media outlets, including El Debate, reported that Cuerpo had dismissed the Adif president. The circumstances surrounding his departure have not yet been officially clarified.

1 killed in Israeli drone strike in S. Lebanon

One person was killed and another wounded on Wednesday in an Israeli drone strike targeting a motorcycle in southern Lebanon, as Israeli military activities continued across several areas of the country, according to Lebanese sources.

The drone strike targeted a motorcycle in Qabrikha in the Marjayoun district of southeastern Lebanon, according to Lebanon's National News Agency (NNA).

The Lebanese Health Ministry's Emergency Operations Center confirmed that the strike killed one person and wounded another.

မူရင်းသတင်း — Xinhua Myanmar