Xinhua Myanmar

ဥရောပသမဂ္ဂ စသည့် ဘက်အသီးသီးက ယူကရိန်း စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေး ပြဿနာများအား ဘရပ်ဆဲလ်တွင် ဆွေးနွေး

ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော်ဘရပ်ဆဲလ်တွင် ဥရောပကော်မရှင် ရုံးချုပ်အဆောက်အဦကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ၊ ယူကရိန်း၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နှင့် နေတိုးအဖွဲ့၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၄ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ၍ ယူကရိန်း စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေး စည်ပင်ဝပြောရေး အကြောင်းအရာများအား ဆွေးနွေးခဲ့သည်ဟု ဥရောပကော်မရှင်က ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဥရောပကော်မရှင်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယူကရိန်းတွင် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှာ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တွင် သက်ဆိုင်ရာ ဆွေးနွေးမှုများအား ဆက်လက်လုပ်ဆောင်ပြီး  ဥရောပသမဂ္ဂ က ယခုနှစ် အစောပိုင်းတွင် ယူကရိန်း၊ အမေရိကန်တို့နှင့်အတူ “စည်ပင်ဝပြောမှု မူဘောင်” အား အခြေခံထားခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုနေ့နှင့် နောက်ဆက်တွဲလုပ်ငန်းများ၏ အဓိကအချက်မှာ ယူကရိန်း အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပံ့ပိုးပေးခြင်းအား အတည်ပြုမှု၊ ၎င်းက ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးမည့် မူဝါဒ ကိရိယာနှင့် အသေးစိတ်အစီအမံများ လေ့လာခြင်း အပါအဝင် ယူကရိန်း စစ်ပွဲအလွန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုဆိုင်ရာ နည်းလမ်းများအား တစ်ဆင့်တိုး ကောင်းမွန်ပြည့်စုံစေရန် ဖြစ်ကြောင်း ကြေညာချက်က ဆိုထားသည်။

ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ အမေရိကန်ကိုယ်စားလှယ်သည် “အဝေးရောက်” စနစ်ဖြင့် ထိုနေ့တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၅ ရက်တွင် နေတိုးအဖွဲ့ ရုံးချုပ်၌ ကျင်းပရန် သတ်မှတ်ထားပြီး အဓိကအားဖြင့် ယူကရိန်း လုံခြုံရေးအတွက် အာမခံပေးမှုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်မည့်သူများတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် နေတိုးအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

နေတိုးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Allison Hart က နေတိုးအဖွဲ့ ကိုယ်စားလှယ်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဘရပ်ဆဲလ်မြို့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး ယူကရိန်းစစ်ပွဲအား “တရားမျှတစွာ၊ စဉ်ဆက်မပြတ်ဖြစ်စွာ” အဆုံးသတ်ရန် မည်ကဲ့သို့ တွန်းအားပေးမည်ကို ဆွေးနွေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်တွင် ဆင်ဟွာသတင်းထောက်အား အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ Desnyans'kyi ခရိုင်တွင် တိုက်ခိုက်ခံရသော လူနေအိမ်တိုက်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

欧盟等多方在布鲁塞尔讨论乌克兰战后重建问题

新华社布鲁塞尔11月4日电(记者张兆卿 张馨文)欧盟委员会4日发表声明说,欧盟、乌克兰、德国、法国、英国、美国以及北约和世界银行代表当天在比利时布鲁塞尔举行会谈,讨论乌克兰战后重建与经济繁荣问题。  

声明说,此次会谈由欧盟委员会主持,旨在推动乌克兰实现可持续和平。会谈延续在美国迈阿密举行的相关讨论,并以欧盟今年早些时候同乌克兰、美国共同制定的“繁荣框架”为基础。  

声明说,当天及后续工作重点是进一步完善涉及乌克兰战后经济发展与繁荣的方案,包括研究确定支持乌克兰未来发展、助力其自主发展的政策工具和具体措施。  

据当地媒体报道,美国代表以“远程”方式参加当天会谈。第二轮会谈定于5日在北约总部举行,重点讨论对乌安全保障,参加方包括美国、英国、法国、德国和北约代表。  

北约发言人艾莉森·哈特3日曾向新华社记者证实,北约代表将于本周晚些时候在布鲁塞尔与法国、德国、英国和美国代表会面,讨论如何推动“公正、持久地”结束乌克兰战事。(完)

图说1:这是10月6日在比利时首都布鲁塞尔拍摄的欧盟委员会总部大楼。新华社记者翁忻旸摄

图说2:这是10月14日凌晨在乌克兰基辅市杰斯尼扬斯基区拍摄的遭袭的居民楼。 新华社发(彼得·德鲁克摄)

မူရင်းသတင်း — Xinhua Myanmar