Xinhua Myanmar

နိုင်ငံတကာရွှေဈေး နှစ်ရက်ဆက်တိုက် ပမာဏအများအပြား မြင့်တက်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ရွှေဆိုင်၌ ဝယ်ယူနိုင်ကြောင်းဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန် ဒီမိုကရက်တစ်ပါတီသည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသော သက်တမ်းဝက်ရွေးကောက်ပွဲ၌ အနိုင်ရရှိသည်ဟု အမေရိကန်ပင်မမီဒီယာများစွာက ကြိုတင်ခန့်မှန်းပြီးနောက် ကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်း၊ အမေရိကန် နိုင်ငံတော် ငွေတိုက်စာချုပ် အမြတ်နှုန်း လျော့နည်းလာခြင်း စသည့် အကြောင်းအချက်များစွာ လှုံ့ဆော်မှုကြောင့် နိုင်ငံတကာရွှေဈေးသည် နှစ်ရက်ဆက်တိုက် ပမာဏအများအပြား မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၅ ရက်၌ အရောင်းအဝယ်ပြုလုပ်ချိန် တိုးတက်မှုပမာဏသည် အချိန်အတိုင်းအတာတစ်ခုအတွင်း ၂ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့သည်။

ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၁၆ မိနစ်အထိ လက်ငင်းပစ္စည်း ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄၁၃၄.၈၃ အထိ ရောက်ကာ ၁.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်ပြီးနောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အရောင်းအဝယ် ပလက်ဖောင်း XS Group ၏ ဈေးကွက်သုံးသပ်သူက ကန်ဒေါ်လာတန်ဖိုးကျဆင်းခြင်းနှင့် အမေရိကန် နိုင်ငံတော် ငွေတိုက်စာချုပ် အမြတ်နှုန်း လျော့နည်းလာခြင်းကြောင့် ရွှေဈေးနှုန်းကို တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၀၀၀ နှင့်အထက်သို့ ပြန်လည်ရောက်ရှိလာရန် အားဖြည့်ပေးလိုက်ကြောင်း ဆိုခဲ့သည်။

အောက်တိုဘာ ၃၀ ရက်တွင် နိုင်ငံတကာဈေးကွက်၌ လက်ငင်းရွှေဈေးနှုန်းသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၃,၉၅၆.၀၉ အထိ ကျဆင်းသွားပြီး ၁.၆ ရာခိုင်နှုန်း ကျဆင်းကာ လေးလအတွင်း အနည်းဆုံးစံချိန်တင်ခဲ့သည်။ ထို့နောက် နိုင်ငံတကာရွှေဈေးက လှုပ်လှုပ်ခတ်ခတ်ဖြင့် စတင်မြင့်တက်လာခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

国际金价连续两日大涨

新华社北京11月5日电(记者钟雅)多家美国主流媒体预测美国民主党在3日举行的中期选举中大获全胜后,受美元走弱、美国国债收益率走低等多重因素提振,国际金价连续两日大幅上涨,5日盘中涨幅一度达到约2%。  

路透社报道,截至北京时间5日11时16分,现货黄金上涨1.9%,至每盎司4134.83美元,创下10月22日以来最高水平。  

全球性金融经纪商XS集团市场分析师表示,美元走弱和美国国债收益率下滑助力金价重回每盎司4000美元上方。  

10月30日,国际市场现货黄金价格一度跌至每盎司3956.09美元,下跌1.6%,创四个月来新低。随后,国际金价开始震荡上升。(完)

图说:这是11月4日在美国纽约拍摄的黄金商店的收购招牌。新华社记者 张凤国 摄

မူရင်းသတင်း — Xinhua Myanmar