Xinhua Myanmar

ပြင်သစ်နိုင်ငံ သွေးဌာန၏ အအေးခန်းသိုလှောင်ရေးပစ္စည်းကိရိယာများ ဆိုက်ဘာတိုက်ခိုက်မှုခံရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မွန်မာထရ်တောင်ကုန်းမြင့်ပေါ်မှ မြင်တွေ့ရသည့် ပဲရစ်မြို့ မီးရောင်များ စတင်တောက်ပလာချိန်ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၄ ရက် ညနေစောင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သွေးဌာန (EFS) က မကြာသေးမီရက်တွင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယင်းအဖွဲ့အစည်း အအေးခန်းသိုလှောင်ရုံအချို့ရှိ လည်ပတ်မှုစနစ်၏ သတ်မှတ်ချက်များ နှောင့်ယှက်ပြောင်းလဲခြင်း ခံခဲ့ရကြောင်း၊ ကံကောင်းထောက်မစွာဖြင့် စောင့်ကြည့်စစ်ဆေးရေးစနစ်က အချိန်မီ သတိပေးအချက်ပြခဲ့သဖြင့် ယင်းဖြစ်ရပ်ကြောင့် သွေးရည်ပစ္စည်းများ ဆုံးရှုံးမှု မဖြစ်ပေါ်ခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုသည် နိုဝင်ဘာ ၁ ရက် ညပိုင်းမှ ၂ ရက် နံနက်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်မှာ ပြင်သစ် သွေးဌာနအတွက် အအေးပေးစက်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုပေးသည့် ကူးလ်ဝေါ ကုမ္ပဏီ ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ Le Canard enchaîné သတင်းက နိုဝင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။ ဟက်ကာများသည် အအေးခန်းအချို့၏ အပူချိန်သတ်မှတ်တန်ဖိုးများကို အဝေးမှ ပြောင်းလဲခဲ့ပြီး မူလ အနုတ် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်ခန့်ရှိသည့် သတ်မှတ်အပူချိန်ကို ၁၁၀ ဒီဂရီဆဲလ်စီးယပ်စ်သို့ ပြောင်းလဲခဲ့ကြောင်း၊ တိုက်ခိုက်ခံခဲ့ရသည့် အဆောက်အအုံများတွင် ပြင်သစ်နိုင်ငံ Bourgogne-Franche-Comté ဒေသကြီးရှိ အအေးခန်းစက်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

ထိခိုက်ခဲ့သည့် အအေးခန်းသိုလှောင်ရုံများကို ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများသို့ မပို့ဆောင်ရသေးသည့် သွေးရည်ပစ္စည်းများ စသည်တို့ သိုလှောင်ရန် အသုံးပြုခြင်းဖြစ်ကြောင်း၊ စောင့်ကြည့်စစ်ဆေးရေးစနစ်တွင် ပုံမှန်မဟုတ်မှုကို တွေ့ရှိပြီးနောက် ယင်းအဖွဲ့အစည်းသည် သက်ဆိုင်ရာပစ္စည်းကိရိယာများကို အချိန်မီ ထိန်းချုပ်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်ခဲ့ပြီး သိုလှောင်ထားသည့် လက်ကျန်ပစ္စည်း အချို့ကိုလည်း အခြားနေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း EFS က ပြောကြားခဲ့သည်။

နည်းပညာအဖွဲ့သည် ပြင်သစ် အမျိုးသား သတင်းအချက်အလက်စနစ်လုံခြုံရေးအေဂျင်စီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ဆက်သွယ်မှုကို ထိန်းသိမ်းလျက်ရှိပြီး စက်ပစ္စည်းကိရိယာအားလုံး၏ လည်ပတ်မှုအခြေအနေကို စောင့်ကြည့်စစ်ဆေးမှုကို မြှင့်တင်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ပြောကြားခဲ့သည်။

မကြာသေးမီကာလများအတွင်း ပြင်သစ်နှင့် အခြားဥရောပနိုင်ငံများရှိ စူပါမားကတ်များ၏ အအေးခန်းနှင့် အေးခဲထိန်းသိမ်းရေးစက်ပစ္စည်းကိရိယာများသည်လည်း ဆိုက်ဘာတိုက်ခိုက်မှုများကို ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။ နိုဝင်ဘာလအစပိုင်းတွင် ဥရောပနိုင်ငံများစွာရှိ စူပါမားကတ်များ၏ အအေးပေးစနစ်များသည် ဟက်ကာများ၏ ကျူးကျော်ဝင်ရောက်မှုကို ခံခဲ့ရပြီး အပူချိန်ကို မလိုမုန်းထားသောရည်ရွယ်ချက်ဖြင့် မြှင့်တင်ခဲ့သဖြင့် အစားအစာများ  ပျက်စီးခဲ့ရသည်။ အောက်တိုဘာ ၁၁ ရက်တွင်လည်း ပြင်သစ်ရှိ စူပါမားကတ် ရာနှင့်ချီတို့ ကျူးကျော်ခံခဲ့ရပြီး ဆုံးရှုံးမှုသည် ယူရို သန်းရာနှင့်ချီအထိ ရောက်နိုင်သည်။ ယခုအကြိမ် EFS အအေးပေးစက်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုပေးသူ တိုက်ခိုက်ခံရမှုသည် ယခင်ဖြစ်ရပ်များနှင့် ဆက်စပ်မှုရှိကြောင်း ညွှန်ပြသည့် အထောက်အထား တစ်စုံတစ်ရာ လက်ရှိအချိန်တွင် မရှိသေးပါ။ (Xinhua)

............................

(Chinese Version)

法国血液机构冷藏设施遭网络攻击

新华社巴黎11月4日电(记者罗毓)法国血液机构3日发布公报说,因网络攻击,该机构部分冷库近日运行参数遭篡改。所幸监控系统及时发出警报,事件未造成血液制品损失。  

据法国《鸭鸣报》3日报道,攻击发生在1日晚至2日凌晨,目标是为法国血液机构提供制冷设备维护服务的酷世界公司。黑客远程修改部分冷库的温度设定值,将原本约零下30摄氏度的目标温度更改为110摄氏度。遭攻击设施包括位于法国勃艮第-弗朗什-孔泰大区的冷藏设备。  

法国血液机构说,受影响的冷库用于储存尚未配送至医疗机构的血液制品等。在监控系统发现异常后,该机构及时控制或停用相关设备,并将部分库存转移至其他设施。  

该机构表示,技术团队正与法国国家信息系统安全局及卫生部保持联系,并加强对所有设备运行情况的监测。  

近期,法国及其他欧洲国家的超市冷藏冷冻设施也接连遭遇网络攻击。11月初,欧洲多国超市制冷系统遭黑客入侵,温度被恶意升高致食物变质;10月11日,法国数百家超市也被入侵,损失可能高达数百万欧元。目前尚无证据表明此次血液机构制冷设备维护服务商遭袭与此前事件存在关联。(完)

图说:这是2019年8月14日晚间在法国巴黎蒙马特尔高地俯瞰的华灯初上的巴黎。新华社记者高静摄

မူရင်းသတင်း — Xinhua Myanmar