နိုဝင်ဘာ ၅
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် လူပေါင်း ၁၀၅၀၀ ကျော် ကူးစက်ခံထားရသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်မှုကို တိုက်ဖျက်ရန် ကာကွယ်ဆေးအသစ် နှစ်မျိုးဖြင့် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများကို စတင်ပြုလုပ်တော့မည်ဖြစ်သည်။
ကပ်ရောဂါဖြစ်စေသော အီဘိုလာရောဂါအမျိုးအစား Bundibugyo ဗိုင်းရပ်စ်အတွက် ဒီဇိုင်းထုတ်ထားသော ကာကွယ်ဆေးနှစ်မျိုးကို စမ်းသပ်ရန် အစီအစဉ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ကြေညာခဲ့သည်။ ယင်းမျိုးစိတ်အတွက် အတည်ပြုထားသော ကာကွယ်ဆေးများ မရှိကြောင်း ဖော်ပြထားသည်။
ထိုစမ်းသပ်မှုများကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ရလဒ်များကို ၂၀၂၇ ခုနှစ် အစောပိုင်းတွင် ရရှိမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂေဘရီယေဆပ်စ်က အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဆေးတစ်ခုတည်းဖြင့် အဆုံးသတ်နိုင်မည်မဟုတ်သော်လည်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အစွမ်းထက်သော နည်းလမ်းသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
အီဘိုလာရောဂါဖြစ်ပွားမှုများသည် မေလမှစတင်ကာ ဗဟိုအာဖရိကနိုင်ငံတွင် အလျင်အမြန် ပျံ့နှံ့နေခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့အထိ လူပေါင်း ၅၁၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို