အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်(၄)အဖြစ် နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းက ဆလာဗီယာပရက်အသင်းရဲ့ အိမ်ကွင်းသို့ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး အဆင့်(၃)နေရာတက်လှမ်းနိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ပထမ ပိုင်းပွဲကစားချိန် ကိုးမိနစ်မှာ မာဒူကီနဲ့ ၃၈ မိနစ်မှာ ဂျိုကာရက်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိချန်ပီယံလိဂ် လေးပွဲကစားပြီးချိန်မှာ သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရမှတ် ၁၀ မှတ် စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အခြားသော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ရီးယဲလ်မက်ဒရစ်က အေအီးကေကို သုံးဂိုး-နှစ်ဂိုး၊ ဖီနာဘာချီက လီဗာပူးကို သုံးဂိုး-နှစ်ဂိုး၊ ဒေါ့မွန်က ဘတ်တစ်ကို နှစ်ဂိုး-တစ်ဂိုး၊ ကိုမိုက လန်းစ်ကို ကိုးဂိုး-တစ်ဂိုး၊ ကလပ်ဘရုဂ်ျက ပီအက်စ်ဗွီကို နှစ်ဂိုး-တစ်ဂိုး၊ ပေါ်တိုက နာပိုလီကို လေးဂိုး-တစ်ဂိုး၊ မန်စီးတီးက လိုက်ပ်ဇစ်ကို သုံးဂိုး-နှစ်ဂိုး၊ ဗစ်ကင်က ဆာဘက်ကို လေးဂိုး-တစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်