



မြောက်ဥက္ကလာ၊ နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို နို၀င်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း မြတ်ခရေတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင် Grade-5 မှ Grade-9 ဖြေဆိုသူ(၃၂၂)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် Grade-5 မှ Grade-9 ဖြေဆိုသူ (၃၃၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဖြေဆို သည့် Grade-5 မှ Grade-9 အထိ အတန်းလိုက်တစ်တန်းလျှင် ကျောင်းသား/ကျောင်းသူ တစ်ဦးစီ ရွေးချယ်ပြီး တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
သက်လွင်စိုး
#News #Myanmar