Myanmar National Post

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းကို အကောက်အခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်လာသော စက်လှေနှင့် တရားခံ ၁၂ဦး ဖမ်းဆီးရမိ

















 ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် ၁၂ ၀၀ နာရီခန့်က ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းကို အကောက်အခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်လာသော စက်လှေ ၁ စီး ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာ၏ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ သောင်တင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာ မှာ “ခိုင်ခိုင်မိုး-၉” စက်လှေပေါ်မှ အကောက်ခွန်မဲ့ကုန်ပစ္စည်းမျိုးစုံ (စက်ယန္တရားသုံး တာယာ၊ လျှပ်စစ် ပစ္စည်း၊ လူသုံးကုန် ပစ္စည်း)၊ ကာလတန်ဖိုး(စိစစ်ဆဲ)နှင့်အတူ တရားခံ ၁၂ ဦးကို ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် မီဒီယာများမှ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းတွေသယ်လာသော သင်္ဘောကြီးကို စစ်ကောင်စီက လိုင်းကြေးယူကာ ပြန်လွတ်ပေးလိုက်တယ်ဆိုပြီး သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိပါတယ်။

၂၀၂၆ အောက်တိုဘာ ၃၁ ရက်နေ့က ကော့သောင်းဘက်ကနေ သိန်းပေါင်း သိန်းနဲ့ချီတန်တဲ့ မူးယစ်ဆေးဝါးတွေ၊ အက်စစ်ပုံးတွေ၊ တရားမဝင်သစ်တွေနဲ့ မှောင်ခိုပစ္စည်းတွေ အပြည့်သယ်လာတဲ့ “ခိုင်ခိုင်မိုး-၉” ပင်လယ်ကူးငါးဖမ်းသင်္ဘောကြီးကို စစ်ကောင်စီကလိုင်းကြေးယူကာ ပြန်လွတ်ပေး လိုက်တယ်ဆိုပြီး သတင်းမှားများ ဖြန့်ဝေလျက်ရှိပါတယ်။

ဘိုကလေးမြို့နယ်အတွင်း ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ခံသယ်ဆောင်တဲ့ ဝေမျိုးဟန် က"၂၀၂၆ အောက်တိုဘာ ၂၇ ရက် နေ့မှာ ရနောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံရေပိုင်နက်ကို ဖြတ်သန်းပြီး အပြည်ပြည် ဆိုင်ရာရေပိုင်နက် ထိုမှတစ်ဆင့် မြန်မာနိုင်ငံရေပိုင်နက်အတွင်းကို ဝင်ရောက်ခဲ့ပြီး မောင်နှင်ခဲ့ရာမှာ ၂၀၂၆ နိုဝင်ဘာလ ၁ ရက်နေ့ ဧရာဝတီတိုင်း ၊ ဧရာကျေးရွာအနီးက ပင်လယ်ပြင်မှာ သောင်တင်နေစဉ် လုံခြုံ ရေးတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်"လို့ ပြောဆိုထားသည်။

ဖြစ်စဉ်မှန်ကို မသိဘဲ ရဲဘော် ET Facebook Page က  “မှောင်ခိုသင်္ဘောကြီး တစ်စီလုံးလက်ပူးလက်ကြပ်မိတာတောင် ၄ ရက်နဲ့ ပြန်လွတ်လာတယ်လို့”၊ “မူးယစ်ဆေးဝါးတွေ၊ အက်စစ်ပုံးတွေ၊ တရားမဝင်သစ်တွေနဲ့သယ်လာတယ်လို့”၊ “ထွေအုပ်နှင့်အုပ်ချုပ်ရေးမှူးတွေ၊ စစ်တပ်ထိပ်ပိုင်းက အရာရှိကြီးလူတွေ လာဘ်ငွေယူထားတာတို့” စတဲ့ မရေမရာအကြောင်းအရာတွေနဲ့  မဟုတ်မမှန်သတင်းရေးသားနေခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တရားမဝင်ကုန်စည် သယ်ဆောင်လာသော တရားခံများကို ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post