
အတ္တလန်တာ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံကြီးများဖြစ်သည့် ဖိန်ဖိန်နှင့် ဖူစွမ်း တို့အား အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အတ္တလန်တာတိရစ္ဆာန်ဥယျာဉ်တွင် နိုဝင်ဘာ ၆ ရက်က အများပြည်သူရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပြသခဲ့သည်။
အများပြည်သူထံမပြသမီတွင် ပန်ဒါဝက်ဝံကြီးနှစ်ကောင်အား ရက်ပေါင်း ၃၀ ကျော် သီးခြားစောင့်ကြည့်ခဲ့ပြီး ဝါးပင်အသစ်၊ စောင့်ရှောက်သူအသစ်များနှင့် ပတ်ဝန်းကျင်အသစ်တို့နှင့် သဟဇာတဖြစ်၍ နေသားကျလာစေရန် ဦးစွာလေ့ကျင့်ပေးခဲ့ကြသည်။
ထိုပန်ဒါဝက်ဝံကြီးနှစ်ကောင်သည် စက်တင်ဘာ ၂၇ ရက်က အထူးစင်းလုံးငှားလေယာဉ်ဖြင့် အမေရိကန်တောင်ပိုင်းရှိ အဆိုပါမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းသည် ယခင်ပန်ဒါဝက်ဝံကြီးများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပြီးနောက် နှစ်နှစ်နီးပါးအကြာ၌ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။ ယခင်က အတ္တလန်တာ တိရစ္တာန်ဥယျာဉ်တွင်ထားရှိခဲ့ကြသည့် ပန်ဒါဝက်ဝံကြီးနှစ်ကောင်နှင့် ၎င်းတို့၏သားပေါက်များကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
ယခုအသစ်ရောက်ရှိလာသော ပန်ဒါဝက်ဝံနှစ်ကောင်ကို အဆိုပါတိရစ္ဆာန်ဥယျာဉ်တွင် ဆယ်နှစ်ခန့်ထားရှိမည်ဟု မျှော်လင့်ရသည်။
"ပန်ဒါကြီးတွေနေထိုင်တဲ့ ပတ်ဝန်းကျင်ကို အများကြီး အဆင့်မြှင့်တင် မွမ်းမံထားပါတယ်။ နေ့ခင်းဘက်နေထိုင်ဖို့ အခန်းသစ်တွေဆိုရင်လည်း ပိုကျယ်ဝန်းကြီး အဆင့်အမြင့်ဆုံး တိရစ္ဆာန်ဥယျာဉ်သုံး အဆင့်မြင့်အလင်းပေးစနစ်တွေ ကြမ်းခင်းတွေ အပါအဝင် သူတို့အတွက် နေလို့အကောင်းဆုံး၊ သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင်ဖြည့်ဆည်းပေးထားပါတယ်" ဟု အတ္တလန်တာ တိရစ္ဆာန်ဥယျာဉ်၏ တိရစ္ဆာန်စုဆောင်းထိန်းသိမ်းရေးနှင့် မျိုးစိတ်ထိန်းသိမ်းရေးဆိုင်ရာဌာန၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂီနာဖယ်ရီး က အဆိုပါပန်ဒါဝက်ဝံတစ်စုံရောက်ရှိလာပြီးနောက် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အတ္တလန်တာ တိရစ္ဆာန်ဥယျာဉ်တို့သည် ပန်ဒါဝက်ဝံကြီး ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများတွင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ကြရာ ယင်းတွင် ပန်ဒါဝက်ဝံမွေးဖွားပေးမှု ငါးကြိမ်၊ ပန်ဒါဝက်ဝံ သားပေါက် ခုနစ်ကောင် မွေးဖွားခြင်းလည်း ပါဝင်သည်။
ပန်ဒါဝက်ဝံကြီးများသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတတရပ် ဖြစ်လာခဲ့ကြောင်း အမေရိကန်- တရုတ် ဆက်ဆံရေးဆိုင်ရာ George H.W Bush ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ David Firestein က ပြောကြားခဲ့သည်။ (Xinhua)


……………………………………………………………………..
(English version)
New Chinese giant panda pair debut at Zoo Atlanta
ATLANTA, Nov. 6 (Xinhua) -- Chinese giant pandas Ping Ping and Fu Shuang made their public debut on Friday at Zoo Atlanta in the U.S. state of Georgia.
Before meeting the public, the panda pair spent more than a month in quarantine, adjusting to the new bamboo, new caretakers and new environment.
They arrived in the southern U.S. city on a chartered flight on Sept. 27, marking the return of Chinese giant pandas after nearly two years. The last pair of giant pandas and their offspring returned to China from Zoo Atlanta in October 2024.
The new pandas are expected to stay here for 10 years.
"We have added many enhancements to their habitat, including new day rooms that have much more room and very top-of-the-line zoological lighting and floors and other conditions to give them the best welfare," Gina Ferrie, vice president of collections and conservation at Zoo Atlanta, told Xinhua after the pair's arrival.
China and Zoo Atlanta have collaborated on giant panda conservation research for more than two decades, including the birth of seven giant panda cubs in five litters.
Giant pandas have become a symbol of friendship between China and the United States, David Firestein, president and CEO of the George H. W. Bush Foundation for U.S.-China Relations, said.
Photo caption 1: Chinese Ambassador to the United States Xie Feng delivers a speech at an event marking Chinese giant pandas Ping Ping and Fu Shuang's public debut at Zoo Atlanta in Atlanta, the United States, on Nov. 6, 2026. (Xinhua/Li Rui)
Photo caption 2: Chinese giant pandas Ping Ping and Fu Shuang made their public debut on Friday at Zoo Atlanta in the U.S. state of Georgia. (Xinhua/Li Rui)
Photo caption 3: Chinese giant pandas Ping Ping and Fu Shuang made their public debut on Friday at Zoo Atlanta in the U.S. state of Georgia. (Xinhua/Li Rui)