
ဆန်းကျန့်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံ ဆန်းကျန့်မြို့သည် “ခိုင်မာသည့် လမ်းကြောင်း + လုပ်ငန်းဆိုင်ရာ ယန္တရားများ ချိတ်ဆက်မှု (Soft Connectivity)” ကို အခြေခံလျက် အာရှ-ပစိဖိတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေခဲ့သည်။ ရေကြောင်း၊ လေကြောင်းနှင့် ကုန်းလမ်း လမ်းကြောင်းများက ကုန်စည်များ ချောမွေ့စွာ စီးဆင်းမှုကို အာမခံချက်ပေးထားပြီး ကွန်ပြူတာစွမ်းအားစနစ်အဆောက်အအုံများက ဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို စွမ်းဆောင်ရည် မြှင့်တင်ပေးထားကာ “ပြည်ပ စည်းဝေးခန်းမ” နှင့် “ပြည်ပ ဝန်ဆောင်မှုဌာန” စသည့် ဝန်ဆောင်မှု ပံ့ပိုးပေးသည့် နေရာများနှင့် တွဲဖက်ဆောင်ရွက်၍ APEC စီးပွားရေးအစုအဖွဲ့များ အကြား ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ထိရောက်စွာ ချိတ်ဆက်မိစေရန် အထောက်အကူ ပြုလျက်ရှိသည်။
ဆန်းကျန့် အကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ဆန်းကျန့်မြို့၏ APEC အခြားစီးပွားရေးအစုအဖွဲ့များသို့ ကုန်စည်တင်သွင်းတင်ပို့မှုတန်ဖိုးသည် ၁၉၉၆ ခုနှစ်က ယွမ် ၂၆၇.၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယွမ် ၃.၁၃ ထရီလီယံသို့ တိုးတက်လာခဲ့ပြီး နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၈.၅ ရာခိုင်နှုန်း ရှိကာ တိုးတက်မှုပမာဏမှာ ၁၀ ဆကျော် ရှိလာကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်းကျန့်မြို့၏ APEC အခြားစီးပွားရေးအစုအဖွဲ့များသို့ ကုန်စည် တင်သွင်း၊ တင်ပို့မှုသည် ယမန်နှစ် အလားတူကာလထက် ၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)
...............................
(Chinese Version)
硬通道软联通 深圳持续深化亚太经贸往来
新华社照片,深圳(广东),2026年11月6日
近年来,深圳依托“硬通道+软联通”,持续深化亚太经贸往来。海陆空通道保障货物顺畅流通,算力设施赋能数字贸易与技术协作,配合
“出海会客厅”“海外服务站”等服务载体,助力APEC各经济体之间商品、技术、人才高效对接。 据深圳海关统计,深圳对APEC其他经济体进出口值从1996年的2675亿元增至2025年的3.13万亿元,年均增长8.5%,增幅逾10倍。今年上半年,深圳对APEC其他经济体进出口同比增长33%。
图说1:10月20日,货轮驶向深圳盐田港(无人机照片)。 新华社发
图说2:10月20日,集装箱货运卡车在深圳盐田港进行装卸作业。新华社记者 毛思倩 摄









