
ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့၏ သဘောတူညီချက်အရ ဒုတိယအကြိမ် တရုတ်-ကနေဒါ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်တွင် ကနေဒါနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၆ ရက်၌ ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဟယ်လိဖုန်းသည် တရုတ်နိုင်ငံဘက်မှ ဦးဆောင်သူအဖြစ် ကနေဒါနိုင်ငံဘက်မှ ဦးဆောင်သူများနှင့်အတူတွဲ၍ ထိုဆွေးနွေးပွဲကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံဘက်မှ ပူးတွဲဦးဆောင်သူများမှာ ဘဏ္ဍာရေးနှင့် အမျိုးသားဝင်ငွေရေးရာ ဝန်ကြီး ဖရန်ဆွာ-ဖိလစ် ရှန်ပန်ညင်နှင့် နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး Maninder Sidhu တို့ ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

..........................................
(English Version)
Chinese vice premier to chair second China-Canada economic, financial strategic dialogue in Canada
BEIJING, Nov. 6 (Xinhua) -- As agreed between China and Canada, the second China-Canada Economic and Financial Strategic Dialogue will be held in Canada on November 9, a Chinese foreign ministry spokesperson announced on Friday.
He Lifeng, member of the Political Bureau of the Communist Party of China Central Committee and Vice Premier of the State Council, will co-chair the dialogue as the Chinese lead person with the co-leaders on the Canadian side, the spokesperson said.
The Canadian co-leaders are Minister of Finance and National Revenue Francois-Philippe Champagne and Minister of International Trade Maninder Sidhu, according to the spokesperson. ■
Photo captions: Chinese Vice Premier He Lifeng, China's lead person in the China-Canada Economic and Financial Strategic Dialogue, meets with Canadian Finance Minister Francois-Philippe Champagne, the Canadian co-leader of the dialogue, in Beijing, capital of China, April 3, 2026. (Xinhua/Zhang Ling)