Xinhua Myanmar

တရုတ်နိုင်ငံ၏ ၄၃ ကြိမ်မြောက် အန္တာတိက သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေးခရီးစဉ် စတင်

ဆန်းရ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)  

တရုတ်နိုင်ငံ၏ ၄၃ ကြိမ်မြောက် အန္တာတိက သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေးခရီးစဉ် စတင်ခြင်း အထိမ်းအမှတ်အနေဖြင့် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ နိုဝင်ဘာ ၇ ရက်က ခရီးစဉ်စတင်ထွက်ခွာခြင်း အခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။

သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက ဦးဆောင်စီစဉ်သည့် ဤစူးစမ်းလေ့လာရေးခရီးစဉ်တွင် တရုတ်နိုင်ငံ၏ ဝင်ရိုးစွန်းဒေသ သုတေသနစခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များကို အဆင့်မြှင့်တင်ခြင်း၊ အန္တာတိကတိုက်၌ ဘာသာရပ်ပေါင်းစုံပါဝင်သည့် ဘက်စုံ စစ်တမ်းကောက်ယူမှုနှင့် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် ဝင်ရိုးစွန်းသိပ္ပံဆိုင်ရာ ရှေ့တန်းနယ်ပယ်များတွင် အဓိကဦးစားပေး သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ပြည်တွင်း၌ တီထွင်ထုတ်လုပ်ထားသော စက်ကိရိယာများကို စမ်းသပ်အသုံးပြုခြင်း၊ သိပ္ပံနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် နှစ်နိုင်ငံနှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ဤစူးစမ်းလေ့လာရေးခရီးစဉ်အတွက် ရေခဲခွဲသင်္ဘောများဖြစ်ကြသည့် "ရွှယ်လုန်" နှင့် "ရွှယ်လုန်-၂" တို့အပြင် အခြားသင်္ဘောတစ်စင်းတို့က ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။ ဤစူးစမ်းလေ့လာရေးခရီးစဉ်တွင် ပြည်တွင်းရှိ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ အဖွဲ့ဝင် ၆၀၀ ကျော် လိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့သည် တာဝန်များ ပြီးမြောက်ပြီးနောက် ၂၀၂၇ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)

…………………………………………

(English version)

China kicks off 43rd Antarctic scientific expedition

SANYA, Nov. 7 (Xinhua) -- China held a departure ceremony in Sanya, south China's Hainan Province, on Saturday to mark the start of its 43rd Antarctic scientific expedition.

Organized by the Ministry of Natural Resources, the mission will upgrade China's polar research stations and logistics network and carry out comprehensive multidisciplinary surveys and monitoring in Antarctica. It will also pursue priority research at the frontiers of polar science, test and apply domestically developed equipment, and deepen bilateral and multilateral cooperation in science and logistics support.

The expedition is supported by the icebreakers Xuelong and Xuelong 2, along with another vessel. More than 600 team members from over 100 domestic institutions are participating, and the team is expected to return to China in April 2027 after completing its tasks.

Photo caption: Members of China's 43rd Antarctic scientific expedition team aboard the icebreaker Xuelong 2 are pictured before their departure from Nanshan Port in Sanya, south China's Hainan Province, Nov. 7, 2026. (Xinhua/Guo Cheng)

မူရင်းသတင်း — Xinhua Myanmar