Xinhua Myanmar

EU အနေဖြင့် အပြန်အလှန် စိုးရိမ်မကင်းဖြစ်သည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အပြန်အလှန် စိုးရိမ်ပူမကင်းဖြစ်သည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်၌ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

EU မှ တင်သွင်းလာသော para-aramid filament နှင့် ethylidene norbornene တင်သွင်းမှုများတွင် လျှော့ဈေးဖြင့် ဈေးကွက်ဖျက် စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မီဒီယာမေးမြန်းချက်ကို ဖြေကြားရာ၌ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစက်မှုလုပ်ငန်းကဏ္ဍများ၏ တင်ပြတောင်းဆိုမှုများအရ အဆိုပါ လျှော့ဈေးဖြင့် ဈေးကွက်ဖျက် စုပုံတင်ပို့ရောင်းချလာခြင်း တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု နှစ်ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားသည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် EU ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် မဟုတ်ကြောင်း၊ အပြန်အလှန် စိုးရိမ်ပူပန်မကင်းဖြစ်သည့် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ဆွေးနွေးညှိနှိုင်းခြင်းသည်သာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

China urges EU to resolve mutual concerns through dialogue, consultation

BEIJING, Nov. 6 (Xinhua) -- China's Ministry of Commerce on Friday urged the European Union (EU) to face up to its own economic and trade problems and address mutual concerns through dialogue and consultation.

A spokesperson for the ministry made the remarks in response to a media query on its decision to launch anti-dumping investigations into imports of para-aramid filament yarns and ethylidene norbornene originating in the EU.

The two anti-dumping investigations were launched following applications from domestic industries, the spokesperson added.

Protectionism cannot enhance the EU's competitiveness, while dialogue and consultation are the right path to resolving mutual concerns, the spokesperson said. ■

Photo caption: File photo shows the Ministry of Commerce in Beijing, capital of China. (Xinhua/Li He)

မူရင်းသတင်း — Xinhua Myanmar