Xinhua Myanmar

ဟယ်လိဖုန်းနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer တို့ ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံဘက် ဦးဆောင်သူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက် ညပိုင်းတွင် ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံဘက် ဦးဆောင်သူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့သည် ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၆ ရက် ညပိုင်းတွင် ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် နှစ်ဖက်က တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ ပေကျင်းနှင့် ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးမှုမှ ချမှတ်ခဲ့သည့် အရေးကြီး သဘောတူညီချက်များနှင့် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းမှုရလဒ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဥ်း၍ အပြန်အလှန်ဂရုပြုကြသည့် အရေးကြီးသော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်လင်းရိုးသားမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိစွာ ဆွေးနွေးဖလှယ်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မကြာသေးမီကာလက အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးနှင့် ကုန်သွယ်ရေး ကန့်သတ်ချက် အစီအမံများနှင့် ပတ်သက်၍ အလေးအနက်စိုးရိမ်မှုကို ဖော်ပြခဲ့သည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာဆိုင်ရာ ဦးဆောင်မှုအောက်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းရေးယန္တရား၏ အခန်းကဏ္ဍကို ဆက်လက်ကောင်းမွန်စွာ အသုံးချပြီး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားဖြည့်ရန်၊ ကွဲလွဲမှုများကို သင့်လျော်စွာ စီမံထိန်းချုပ်ရန်၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးကို စဉ်ဆက်မပြတ် တည်ငြိမ်စွာ ကောင်းမွန်သည့်ဘက်သို့ ဖွံ့ဖြိုးတိုးတက်စေရေးကို တွန်းအားပေးရန်၊ "လေးစားမှု၊ တရားမျှတမှု၊ သာတူညီမျှမှုကို အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး" တည်ဆောက်မှုကို အားဖြည့်ပံ့ပိုးရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

-----------------------------

(Chinese Version)

何立峰与美国财政部长贝森特、贸易代表格里尔举行视频通话

新华社北京11月7日电 北京时间11月6日晚,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特和贸易代表格里尔举行视频通话。双方围绕落实好中美元首北京和华盛顿会晤重要共识和经贸磋商成果,就彼此关心的重要经贸问题进行了坦诚、深入、建设性的交流。中方就近期美对华经贸限制措施表达严正关切。双方同意在两国元首战略引领下,继续发挥好中美经贸磋商机制作用,持续加强合作,妥善管控分歧,推动中美经贸关系持续稳定向好发展,助力构建“基于尊重、公平、对等的中美建设性战略稳定关系”。(完)

图说:北京时间11月6日晚,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特和贸易代表格里尔举行视频通话。 新华社记者 田宇 摄

မူရင်းသတင်း — Xinhua Myanmar