NP News

ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲတွင်အဖွဲ့(၂၄)ဖွဲ့ ပါဝင်ယှဥ်ပြိုင်လျက်ရှိ

ထိုက်စံ (NP News) - နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်(၇၁)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကများ ယှဥ်ပြိုင်လျက်ရှိသည်။
ပြီးခဲ့သည့်(နိုဝင်ဘာ ၅ ရက်)၊ ညနေပိုင်းမှစတင်ကာ ဘားအံမြို့၊ သီရိကွင်းဒုံးစင်တွင် ကျင်းပလျက်ရှိသည်။

အဆိုပါ ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် မြို့နှင့်ကျေးရွာကိုယ်စားပြုဒုံးအကအဖွဲ့များ နှင့် KNU/KNLA-PCမှ ကိုယ်စားပြု ဒုံးအကအဖွဲ့အပါအဝင် ဒုံးအကအဖွဲ့ပေါင်း(၂၄)ဖွဲ့ ပါဝင်ယှဥ်ပြိုင်လျက်ရှိပြီး လာမည့်(နိုဝင်ဘာ ၈ ရက်)အထိ ယှဥ်ပြိုင်မည်ဖြစ်ကာ နိုဝင်ဘာ(၉)ရက်တွင် ဗိုလ်လုပွဲကျင်းပမည်ဖြစ်သည်။

ထိုသို့ယှဥ်ပြိုင်ပြီးနောက် ဆုရရှိသည့် ဒုံးအကအဖွဲ့များကို နိုဝင်ဘာ(၁၀)ရက်တွင် ဆုချီးမြင့်သွားမည်ဖြစ်သည်။
လက်ရှိတွင် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများ၊ MSME ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။

မူရင်းသတင်း — NP News