NP News

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များသည် အစိုးရ၏ နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာသည့် သင်္ကေတဖြစ်

သုတကျော် (NP News) - နိုဝင်ဘာ ၇

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များသည် အစိုးရ၏ နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာသည့် သင်္ကေတဖြစ် ကြောင်း NP News က မေးမြန်းထားသောအချက်အလက်များအရ သိရသည်။

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေး ကောက်ပွဲများ ကျင်းပမည့်နေ့ရက်ကို လာမည့် (၂၀၂၇)ခုနှစ် ဧပြီလ(၄)ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုဝင်ဘာလ (၅) ရက် ညပိုင်းက ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော်မဲအများဆုံးရသူအနိုင် ယူစနစ် (FPTP)မဲဆန္ဒနယ်အတွက် (၃၄)နယ် ပြုလုပ်မည်ဖြစ်ရာတွင် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ဖလမ်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ထီးချိုင့်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဗန်းမောက်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ကောလင်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပုလဲမြို့နယ်ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ယင်းမာ ပင်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ တန့်ဆည် မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ မြိတ်မြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်၊ ညောင်လေးပင်မြို့ နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စသည်ဖြင့် မဲဆန္ဒ နယ်များပါဝင်သည်။
အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၅)နယ်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)တို့ပါဝင်သည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၁၆)နယ်တွင် တွန်းဇံမြို့နယ် မဲဆန္ဒနယ်၊ ဖလမ်းမြို့နယ်မဲဆန္ဒနယ်၊ ထီးချိုင့်မြို့ နယ်မဲဆန္ဒနယ်၊ ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်၊ အင်း တော်မြို့နယ်မဲဆန္ဒနယ်၊ ကောလင်းမြို့နယ် မဲဆန္ဒ နယ်၊ ပုလဲမြို့နယ် မဲဆန္ဒနယ်၊ ယင်းမာပင်မြို့နယ် မဲ ဆန္ဒနယ်၊ တန့်ဆည်မြို့နယ် မဲဆန္ဒနယ်၊ ရွှေဘိုမြို့ နယ် မဲဆန္ဒနယ်၊ ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်၊ သဲကုန်း မြို့နယ် မဲဆန္ဒနယ်၊ နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်၊ စဉ့်ကူးမြို့နယ် မဲဆန္ဒနယ်၊ မိုးကုတ်မြို့နယ် မဲဆန္ဒနယ် နှင့် ရေကြည်မြို့နယ် မဲဆန္ဒနယ်တို့ပါဝင်သည်။
“ဒါက ကြားဖြတ်ရွေးကောက်ပွဲလည်း ဖြစ်သလို အစိုးရရဲ့အုပ်ချုပ်ရေးနယ်မြေ ကျယ်ပြန့်လာ တယ်ဆိုတာကို ပြသတာလည်းဖြစ်ပါတယ်။ ဒီမဲဆန္ဒနယ်တွေထဲမှာဆိုရင်လည်း အရင်တုန်းက ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ မဲဆန္ဒနယ် တွေလည်း ပါဝင်လာတာတွေ့ရတယ်။ ဒါက ကောင်းတဲ့လက္ခဏာလို့ ရှုမြင်လို့ရတယ်” ဟု နိုင်ငံရေး သုံးသပ်လေ့လာသူ တစ်ဦးကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာခြင်းမှာ ယင်းနယ်မြေများသည် လုံခြုံမှုရှိသည့်အတွက် ကြေညာ ခြင်းဖြစ်သည်ဟုယူဆကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
“USDP ကတော့ ဝင်ပြိုင်မှာပါ။ တခြားပါတီများနည်းတူ အန်ကယ်တို့လည်း ဥပဒေအတိုင်း ပဲ ဝင်ပြိုင်သွားမှာပါ။ အကုန်လုံးမှာ ဝင်ပြိုင်မှာပါ”ဟု ၎င်းကဆိုသည်။

မူရင်းသတင်း — NP News